Sunday, October 4, 2015

"မောင်လဲ မင်းလိုပါပဲကွာ..."


"မောင်လဲ မင်းလိုပါပဲကွာ..."

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့အချိန်ပေါ့။ အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက် ထိုင်တယ်။ ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက်။ ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို။ ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့ မိန့်မိန့်ကြီး။ ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅) ကို မဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ။ ဒီတစ်ပုဒ်ပဲ ကျန်တာ။ ဖြေဖို့ အစမေ့နေတယ်။ နာရီကြည့်တော့ မိနစ် ၄၀ လောက်ပဲကျန်တော့တယ်။ အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ဟေ့.....နံပါတ် (၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေး ပြန်ပြောတယ်
““မောင်လို့ခေါ်ရင် ပြောမယ်””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်။
အဒါနဲ့ သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိ တောက်ထောက်ကြည့်နေတာ။ နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲ ကျန်တော့တယ်။ အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော်””
ကောင်လေးကလည်း ပြန်ပြောရှာပါတယ်
““မောင်လို့ခေါ်ရင် ပြောမယ်””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ်။ မပြောချင်နေကွာ ဆိုပြီး တင်းခံပြီးစဉ်းစားနေတယ်။ မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲ ကျန်တော့တယ်။ အဲဒါနဲ့ကောင်မလေးက စဉ်းစားတယ်။ သူ့ကို မောင်လို့ တစ်ခါခေါ်လိုက်ရင် ကိုယ်က ဘာဖြစ်သွားမှာကျလို့။ နောက်တွေ့မှာမှ မဟုတ်တာ။ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ။ တန်ပါတယ်ဆိုပြီး နောက်လှည့်ပြီး
““မောင်.............”” လို့ ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်။
““သိပ်မကြားရဘူး”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်။ စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ။ ဒါပေမယ့် စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး
““မောင်..... ပြောပြပါနော် ......မောင်နော်””
အဲဒီမှာ ကောင်လေးက အနောက်ကနေ ကပ်ပြီး ပြန်ပြောလိုက်တာက
“"ဟဲဟဲ.... မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး””

စာဖက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

Credit: kokyawzinhein

No comments:

Post a Comment