မနက်အတွက် တွေးပူနေမည့်အစား ယနေ့ အလုပ်လုပ်ပါ။ ဘ၀ကို ကြောက်ရွံ့နေမည့်အစား ခံစားပါ။ ကျွန်ုပ်တို့သည် ဤလမ်းကို ဤတစ်ကြိမ်သာ ဖြတ်သန်းသွားရမည် ဖြစ်သည်…။
မိမိကိုယ်ကို စီမံခန့်ခွဲရန် ဦးနှောက်ကိုသုံးပါ။ သူတပါးအား စီမံခန့်ခွဲရန် နှလုံးသားကိုသုံးပါ…။
ပူဆွေးသောငှက်များ သင့်ခေါင်းပေါ်မှ ဖြတ်သန်းသွားခြင်းကို သင် တားဆီးမရနိုင်ပါ။ သို့သော် သင့်ခေါင်းပေါ်၌ အသိုက်ဆောက် အခြေချ နေထိုင်မည့်အရေးကိုတော့ သင် ကောင်းစွာ တားဆီးနိုင်ပါသည်…။
"ရေ တစ်ဝက်ဘဲရှိတော့တယ်” “ရေက တစ်ဝက်ကြီးများတောင် ကျန်ပါသေးလား” ဤစကားနှစ်ခွန်း၏ အတိမ်အနက်ကား မိုးနှင့်မြေလောက် ကွာခြားနိုင်သည်…။
ပစ္စည်းဥစ္စာဆုံးရှုံးလျှင် ဘာမှမဆုံးရှုံး။ ကျန်းမာရေးပျောက်ဆုံးလျှင် တစ်ဝက်ဆုံးရှုံးပြီ။ အကျင့်စာရိတ္တ ပျက်ယွင်းလျှင်ကား အားလုံးဆုံးရှုံးသွားပါပြီ…။
Credit: khayaenyo
No comments:
Post a Comment