"တန်ဖိုးကြီး စမတ်ဖုန်းတွေကို လက်မနဲ့ လက်ညှိုးကြားမှာ ညှပ်ပြီး ပြန်မရနိုင်မယ့် နေရာတွေမှာ တွဲလောင်းကိုင်ပြတဲ့ စိန်ခေါ်မှု ခေတ်စားနေ"
ထူးဆန်းတဲ့အင်တာနက်ပေါ်ပင် လုပ်ရပ်တစ်ခုဟာ လောလောဆယ် ဆိုရှယ်နက်ဝေါ့ခ်တွေမှာ ခေတ်စားလျက်ရှိပြီး လူတွေဟာ သူတို့ရဲ့ တန်ဖိုးကြီး iPhone တွေကို သည်းထိတ်ရင်ဖိုနေရာတွေမှာ အရဲစွန့်ကိုင်ပြမှုတွေ ပါဝင်ပါတယ်။
Indie pop တီးဝိုင်း Twenty One Pilots တီးဝိုင်းအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ iPhone တွေကို ရေမြောင်းအပေါက်ကြားနဲ့ လသာဆောင်အပေါ်တွေကနေ လက်ညှိုး၊ လက်မညှပ်ကိုင်ပြတဲ့ ဗီဒီယိုတွေကို အတွဲလိုက်တင်ခဲ့ပြီးနောက် တခြားလူတွေကလည်း လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
Twenty One Pilots တီးဝိုင်းက စလိုက်တဲ့ အဆိုပါ အရူးထတဲ့လုပ်ရပ်မှာ လူတွေဟာ သူတို့ရဲ့ တန်ဖိုးကြီးဖုန်းတွေကို ဘယ်လိုမှပြန်မရနိုင်မယ့် ချောက်အနက်ကြီးတွေပေါ်ကနေ တစ်မျိုး၊ ရေမြောင်းအပေါက်ကြားကနေ တစ်မျိုး လက်ညှိုး၊ လက်မညှပ်ကိုင်ကာ တွဲလောင်းချပြမှုတွေ လုပ်ပြလျက်ရှိပါတယ်။
ဒီပေါ်ပင်အရူးထမှုကို Twitter မှာ #extremephonepinching ဆိုပြီး hashtag လုပ်ကာ ၀င်ရောက်နိုင်ပြီး လူအများအပြားဟာ သူတို့ရဲ့စိန်ခေါ်မှု ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တင်ထားကြပါတယ်။ အခုလို ဆိုရှယ်မီဒီယာ စိန်ခေါ်မှုတစ်ခုအတွက် သက်သက်မဲ့ သင့်ရဲ့တန်ဖိုးကြီးပစ္စည်းကို ဘေးအန္တရာယ် မကင်းဘဲ အရဲစွန့် ကိုင်ပြတာမျိုးက ရူးသွပ်မှုတစ်ခုပါပဲ။
ye wint
Credit: Trend Myanmar
No comments:
Post a Comment