"၂၀၁၅ ခုနှစ် လူပုလေးများ ဖက်ရှင်ရှိုး"
မော်ဒယ်ရှိုးလျှောက်ဖို့အတွက် ပိန်ပိန်ရှည်ရှည်လေးပဲ ဖြစ်ဖို့ မလိုတော့ပါဘူး။ ပိန်ပိန်ရှည်ရှည် မော်ဒယ်မလေးတွေ လျှောက်လှမ်းအလှပြတဲ့ ရှိုးပွဲတွေကို ကျင်းပရတာ ရိုးလာတဲ့ Paris Fashion Week ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ လူပုအမျိုးသမီးတွေကို မော်ဒယ်အဖြစ် သုံးပြီး ပရိသတ်တွေရဲ့ လက်ခုပ်သြဘာသံတွေကို သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီနေ့က New York Creative Business House ရဲ့ ဒီဇိုင်းတွေကို ၀တ်ဆင်ပြသမယ့် မော်ဒယ်တွေဟာ အရပ် ၄ ပေ ၄ လက်မအောက်ရှိမှပဲ ၀တ်ဆင်ပြသခွင့် ရခဲ့တယ်လို့ သိရပါတယ်။ ပါရီရဲ့ ၂၀၁၅ ခုနှစ် “လူပုလေးများဖက်ရှင်ရှိုး” လို့ အမည်ပေးတထားတဲ့ အဆိုပါပွဲဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်က Paris Fashion week ပွဲတစ်ပွဲနဲ့ နယူးယောက်က ပြီးခဲ့တဲ့ဆောင်းတွင်းပွဲတစ်ပွဲတို့မှာ ပွဲဦးထွက် ကျင်းပခဲ့ပြီးတဲ့နောက် တတိယအကြိမ်မြောက် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော်
Sunday, October 4, 2015
"၂၀၁၅ ခုနှစ် လူပုလေးများ ဖက်ရှင်ရှိုး"
Labels:
နိုင်ငံတကာသတင်း,
ဖက်ရှင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment