"တစ်သက်လုံး စိတ်ချမ်းသာချင်ရင် ဒီအချက် ၃ ချက်ကိုသာ လိုက်နာပါ"
၁။ ဘယ်သူ့ကိုမှ မယုံမိစေနဲ့
အယုံလွန်တဲ့အခါ နောင်တချိန် နောင်တနဲ့မျက်ရည်နဲ့ပဲ ဘ၀ကို ဖြတ်သန်းရလိမ့်မယ်။
၂။ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာမထားမိစေနဲ့
စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ်။ စေတနာကို အသိအမှတ်ပြုရင် ၀မ်းမြောက်ဖွယ်ဖြစ်ပေမယ့် စေတနာကနေ အထင်လွဲလို့ ဝေဒနာဖြစ်တဲ့အခါ ကိုယ်ရော တစ်ပါးသူရော စိတ်ဆင်းရဲရတတ်တယ်။ သင့်တင့်မျှတတဲ့ စေတနာကသာ အကောင်းဆုံးပါပဲ။
၃။ ဘယ်သူ့ကိုမှ ကိုယ့်လိုစိတ်ရှိတယ်လို့ မထင်လိုက်နဲ့
တချို့ကိစ္စတွေမှာ ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲတွေးမယ်၊ ခံစားမယ်၊ လုပ်ဆောင်မယ်လို့ မထင်လိုက်ပါနဲ့ ကိုယ်ကကိုယ်၊ သူက သူပါပဲ။
Zin Kyaw Kyaw (AJ)
Credit: Gorkha Tz
No comments:
Post a Comment