
Lutaw Lupyaw
"တချိန်ချိန်မှာ"
နင် ငါ့အပေါ် ကြင်နာပြလေ ငါကြောက်လေပဲချစ်သူ။ တချိန်တချိန်မှာ နင် ငါ့အနားက ထွက်ခွာရင် ဒါတွေဟာ ငါ့အတွက် နာကြင်စေမယ့် ဒဏ်ရာတွေပါ။
နင် ငါ့အပေါ် နူးညံ့ပြလေ ငါကြောက်လေပဲချစ်သူ။ တချိန်ချိန်မှာ နင် ငါ့အပေါ် မေတ္တာမရှိတော့ရင် ဒါတွေဟာ ငါ့အတွက် ပူလောင်စေမယ့် ဝေဒနာတွေပါ။
နင် ငါ့အပေါ် အရမ်းချစ်ပြလေ ငါကြောက်လေပဲချစ်သူ။ တချိန်ချိန်မှာ နင် ငါ့အပေါ် မသာယာတော့ရင် ဒါတွေဟာ ငါ့အတွက် ဖြေစရာမရှိတဲ့ အဆိတ်တွေပါ ချစ်သူ။
Credit: Pote Pote

Lutaw Lupyaw
No comments:
Post a Comment