
Lutaw Lupyaw
"အရည်အချင်းဆိုတာ"
မိန်းမတစ်ယောက်ရဲ့ အရည်အချင်းကို ရုပ်ရည်နဲ့ မသတ်မှတ်ဘူး။ သူ ဘယ်လောက် အလှပြင်နိုင်သလဲဆိုတာနဲ့ မသတ်မှတ်ဘူး။
မိန်းမတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ
သူ့အလှအပတရားကို သူ ဘယ်လောက် ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့ သတ်မှတ်တယ်။ သူ့သိက္ခာ၊ သူ့တန်ဖိုးကို သူ ဘယ်လောက် ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့ သတ်မှတ်တယ်။ သူ့ခြေထောက်ပေါ် သူ ဘယ်လောက် ရပ်တည်နိုင်သလဲဆိုတာနဲ့ သတ်မှတ်တယ်။
အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ဆိုတာ အချိန်မတိုင်သေးခင် သူ့ရဲ့ အလှအပတရားကို အထိခိုက်မခံဘူး။ သူ့ရဲ့ တန်ဖိုးကို တစ်စုံတစ်ယောက်သောသူကြောင့် အပျက်မခံဘူး။ ပြီးတော့ သူဟာ ယောက်ျားတစ်ယောက်ရှိမှ ဘဝကို ကောင်းကောင်းရပ်တည်နိုင်တဲ့ မိန်းမမျိုး မဟုတ်ဘူး။
သင်ဟာ ရုပ်ဆင်းအင်္ဂါ သိပ်အချောစားကြီး မဟုတ်တဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် အားငယ်စရာ မလိုဘူး။ ဘာလို့လဲဆိုတော့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နိုင်ဖို့ သင့်မှာ တခြားကြိုးစားစရာ အခွင့်အလမ်းတွေ အများကြီး ရှိနေလို့လေ။
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

No comments:
Post a Comment