
Lutaw Lupyaw
"ဆန္ဒ (သို့) တမ်းတခြင်း"
ကြည်ပြာရောင် မိုးကောင်းကင်ရဲ့အောက်မှာ ထိုင်ရင်း ဘဝကို စိတ်ကူးယဉ်ကြည့်မိတယ်……
အကယ်၍ နှင်းဆီတစ်ပွင့်သာဖြစ်ခဲ့ရင် အဓိပ္ပာယ်မရှိတဲ့ နမ်းရှိုက်မှုမျိုးကို မလိုလားဘူး။ ပင်ယံထက်မှာ လှပစွာ ဖူးပွင့်ဝေဆာစွာနဲ့ ဘဝကို အလှဆင်ခြင်တယ်။
အကယ်၍ ငှက်ကလေးတစ်ကောင်သာဖြစ်ခဲ့ရင် ပူးလောင်ခြောက်သွေ့နေတဲ့ နွေရာသီကို မလိုလားဘူး။ အေးမြတုန်ရီနေတဲ့ ဆောင်းရာသီမှာ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ ကြင်ဖော်နဲ့ အတူနေချင်တယ်။
အကယ်၍ မိဘမောင်နှမတွေမရှိခဲ့ရင် အချစ်ဆိုတာကို မရှာဖွေချင်းတော့ဘူး ဖြူစဉ်သန့်ရှင်းတဲ့ သူငယ်ချင်းတွေရဲ့ အားပေးစကားတွေအထဲမှာပဲ နေချင်ပါတယ်။
Credit: Pote Pote

Lutaw Lupyaw
No comments:
Post a Comment