
Lutaw Lupyaw
"ချစ်သူရှာရမခက်ဘူး"
ချစ်သူနဲ့ အခန့်မသင့်လို့ စိတ်ပျက်ကြတဲ့အခါ
တချို့ယောက်ျားလေးတွေ မိန်းခလေးတွေ တွေးလေ့ရှိတယ်။ ချစ်သူရှာရမခက်ဘူး ပေါတယ်…
ဟုတ်ပါတယ် ချစ်သူရှာရတာ မခက်ပါဘူး။ ကိုယ် နှစ်နှစ်ကာကာချစ်ရတဲ့ လူသာ ရှာရခက်တာပါ။
ကိုယ်က သိပ်ချစ်ရတဲ့လူ၊ ကိုယ့်ကိုလည်း ကိုယ်ချစ်သလို ပြန်ချစ်တဲ့လူ အဲဒီလိုလူဟာ တယောက်တည်းဖြစ်ဖို့ သိပ်ခက်ခဲတယ်။
တချို့မာနတွေ၊ ချစ်သူခြင်း မခံချင်စိတ်တွေကို
ခနလောက် မြိုသိပ်လိုက်ပါ။ သိပ်ချစ်တဲ့လူတယောက်နဲ့ လွဲချော်သွားခဲ့ရရင်
နောက်တခါ အဲဒီလိုအချစ်နဲ့ လူတယောက်ကို
ဘယ်လောက် ချစ်ရခက်သလဲဆိုတာ သင် သိလာပါလိမ့်မယ်။
တချို့အချစ်တွေက ဘဝမှာ တခါပဲ နက်နက်ရှိုင်းရှိင်း ချစ်လို့ရတယ်ဆိုတာ သိပ်နောက်မကျသေးခင် သိဖို့လိုတယ်လေ။
Credit: လက်တွဲဖော်

No comments:
Post a Comment