
Lutaw Lupyaw
"သကြားတစ်ဇွန်းထည့်ထားသော ရေက အားဖြည့် အချိုရည်များထက် ပိုကောင်း"
အားဖြည့် အချိုရည်တွေ ခေတ်စားနေတဲ့ ခေတ်မှာ ပညာရှင်တွေ တော်တော်များများက အားဖြည့် အချိုရည်တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ တော်တော်များများ လက်ခံထားကြပါတယ်။ အားဖြည့် အချိုရည်တွေကြောင့် ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်နိုင်ရုံမက နောက်ပိုင်း ပြဿနာတွေ တော်တော်များများ ဖြစ်တတ်ကြပါတယ်။
အခုတော့ အင်္ဂလန်နိုင်ငံ Bath University က သုတေသန ပညာရှင်တွေဟာ ရေထဲကို သကြားထည့်ပြီး သောက်တာဟာ အားဖြည့် အချိုရည် သောက်တာထက်စာရင် ပိုပြီးတော့ ကောင်းစေနိုင်တယ်လို့ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ သကြားတစ်ဇွန်း အပြည့်ထည့်ထားတဲ့ ရေဟာ အားကစားလုပ်ရာမှာ အားဖြည့် အချိုရည်တွေထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်လို့ သိရပါတယ်။ သူတို့ဟာ သကြားထည့်ထားတဲ့ရေကို သောက်ပြီး အားကစားလုပ်တဲ့သူတွေနဲ့ ဘာမှ မသောက်ထားတဲ့သူတွေ အားကစားလုပ်ရာမှာ ထွက်ပေါ်လာတဲ့ ကျရှုံးအောင်မြင်မှုတွေကို ရေတွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အားကစားလုပ်နေချိန်မှာ သကြားအမျိုးမျိုးဟာ အလျှင်အမြန်ပဲ သကြားတွေကို အူကနေ စုပ်ယူသွားတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အဖွဲ့သားတွေဟာ များစွာသော အားဖြည့်အချိုရည်တွေက ဘယ်လို Carbohydrates တွေ ပါဝင်ပြီး ဘယ်လောက်ကြာကြာ စွမ်းအင်ကို သိမ်းဆည်းနိုင်တယ်ဆိုတာပါ လေ့လာခဲ့ကြတာပါ။
သုတေသနကို ဦးဆောင်ခဲ့တဲ့ Dr Javier Gonzalez က "ကျွန်တော်တို့ လေ့လာချက်က အားဖြည့် အချိုရည်တွေမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် (သကြား) တွေဟာ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ တံထွေးထဲမှာသာ သိမ်းဆည်းထားတာဖြစ်ပြီး ကြွက်သားထဲမှာမဟုတ်တာကို တွေ့ခဲ့ရပါတယ်။"
သိပ္ပံပညာရှင်တွေက ရေတစ်လီတာထဲမှာ သကြား ၉၀ ဂရမ် ထည့်သောက်တာဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှစ်နာရီကျော်ကြာ အကောင်းဆုံး လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။
(Blue Lion)
သစ်ထူးလွင်(ကျန်းမာရေး)

Lutaw Lupyaw
No comments:
Post a Comment