
Lutaw Lupyaw
"ကိုယ်လုံးလှမှ အိမ်ထောင်ရေး ပြိုကွဲရသူ"
သာယာခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ လှပတဲ့ ခန္ဓာကိုယ်တစ်ခုရအောင် ကြိုးစားမိတဲ့ အိမ်ထောင်ရှင်မကြောင့် ပြိုကွဲသွားခဲ့ရပါတယ်။
အသက် ၃၆ နှစ်အရွယ် အန်ဂျယ်လာခရစ်မိုးဟာ ၁၈၂ ပေါင်အထိ ဝတုတ်ခဲ့ရာကနေ အခုတော့ လှပတဲ့ ခန္ဓာကိုယ်လေး ရရှိသွားပါပြီ။
အစက သူမရဲ့ လူနေမှုဘဝပုံစံက အလုပ်ရယ်၊ အချက်အပြုတ်ရယ်၊ တီဗီကြည့်တာရယ်ပဲ ရှိခဲ့တာပါ။
"ကိုယ့်ကိုကိုယ် လှတယ်လို့ပဲ ထင်ခဲ့တယ်။ ကျွန်မယောက်ျားကလည်း ကျွန်မကို လှတယ်လို့ ထင်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ မိသားစုရဲ့ ဖိအားပေးမှုကြောင့် ကိုယ့်ကိုကိုယ် သတိထားမိတာ" လို့ သူမက ပြောပါတယ်။
ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက် သူမရဲ့ အိမ်ရှေ့က ဖြတ်သွားချိန်မှာ ဝိတ်ချချင်စိတ် ပေါက်သွားခဲ့တဲ့ အန်ဂျယ်လာဟာ အဲဒီအချိန်ကစပြီး ကြိုးစားပြီး ဝိတ်ချခဲ့ပါတယ်။
လေ့ကျင့်ခန်းကိုလည်း ဂရုတစိုက်နဲ့ အပင်ပန်းခံ လုပ်ခဲ့ရသလို သူမဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားတယ်။ သူမစားတဲ့ ပမာဏကလည်း နည်းသထက် နည်းလာခဲ့တယ်။
သူမရဲ့ စားသောက်မှု ပုံစံသစ်ကြောင့် ချက်ပြုတ်မှုတွေကလည်း ပြောင်းလဲလာပါတော့တယ်။
"ကျွန်မယောက်ျားနဲ့ ကျွန်မသားက ကျွန်မစားသလို မစားနိုင်ဘူး" လို့ သူမက ပြောပါတယ်။
အနေအထိုင်၊ အစားအသောက်အပေါ် အမြင်ချင်းမတူတော့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ တစ်စတစ်စ အက်ကြောင်းထင်လာခဲ့ပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။
Source & Photos : Daily Mail
Credit: duwun




Wednesday, February 3, 2016
"ကိုယ်လုံးလှမှ အိမ်ထောင်ရေး ပြိုကွဲရသူ"
Labels:
လူမှုဘဝ,
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment