"ကြော်ငြာ"
အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အားဖြည့်အချိုရည် စတင်ထုတ်လုပ်သည်။
ကုန်ပစ္စည်း အရောင်းမြှင့်တင်ရန်အလို့ငှာ ကြော်ငြာကုမ္ပဏီတစ်ခုကို ငှားသည်။
ကြော်ငြာကုမ္ပဏီက လမ်းဆုံလမ်းခွများတွင် ပိုစတာဆိုင်းဘုတ်ကြီးများ ကပ်လေသည်။ ကြော်ငြာဘုတ်တွင် အကန့်သုံးကန့်ပါ၍
ပထမပုံမှာ… လူတစ်ယောက် သဲကန္တာရထဲ၌ အားပြတ်၍ လဲနေပုံဖြစ်သည်။
ဒုတိယပုံမှာ… ထိုလူမှ ကြော်ငြာမည့် အားဖြည့်အချိုရည်ကို သောက်နေပုံဖြစ်သည်။
တတိယပုံမှာ… လန်းဆန်း၍ တက်ကြွနေသော ထိုလူ၏ ပုံဖြစ်လေသည်။
ကြော်ငြာဘုတ်များထောင်ပြီး မကြာမီ ကြော်ငြာကုမ္ပဏီမှ တာဝန်ခံ အလုပ်ပြုတ်လေသည်။ အကြောင်းမှာ အာရပ်များစာဖတ်လျှင် အနောက်မှစ၍ အရှေ့သို့ ဖတ်သောကြောင့်ဖြစ်သည်။
Credit: No Name
No comments:
Post a Comment