Wednesday, March 16, 2016
"ဝိတ်ကျခြင်းဟာ စိတ်နဲ့ပဲဆိုင်တဲ့ ကိစ္စလား"
"ဝိတ်ကျခြင်းဟာ စိတ်နဲ့ပဲဆိုင်တဲ့ ကိစ္စလား"
ဝိတ်ကျခြင်းဟာ စိတ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခု ဖြစ်လာနိုင်တယ်လို့ Daily Mail ရဲ့ သတင်းတစ်ရပ်က ဖော်ပြပါတယ်။ တရားထိုင်ခြင်းလို စိတ်ပိုင်းဆိုင်ရာနည်းတွေဟာ ခန္ဓာကိုယ်ရဲ့ အစာစားချင်စိတ် ဖြစ်ပေါ်မှုကို မျှတမှုရှိအောင် ထိန်းညှိပေးကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားထားတယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့အချိန်မှသာ အစာကို စားတော့မှာ ဖြစ်တာကြောင့် ဝိတ်တက်မှုကို ထိန်းပေးတာ ဖြစ်ပါတယ်။
စိတ်တည်ငြိမ်စွာ ထိန်းထားနိုင်မှုဟာ စိတ်ဓာတ်ကျမှုကို လျော့ပါးစေပြီး သွေးပေါင်ချိန်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ အဆိုပါသတင်းမှာ နယ်သာလန်နိုင်ငံက သုတေသနသမားတွေရဲ့ လေ့လာမှုတွေကို ဖော်ပြခဲ့ပြီး သူတို့ရဲ့ လေ့လာချက်အရ တစ်စုံတစ်ခုပေါ်မှာ စိတ်တည်ငြိမ်အောင် လုပ်ထားနိုင်တဲ့လူတွေဟာ အစားအစာကို အဆင်ခြင်မဲ့ စားခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
Photos & Source: Daily Mail
Credit: duwun

No comments:
Post a Comment