Tuesday, March 29, 2016
"ကလေးများ နေအိမ်ပြင်ပ နေထိုင်ချိန် အကျဉ်းသားတွေထက် နည်းလာ"
"ကလေးများ နေအိမ်ပြင်ပ နေထိုင်ချိန် အကျဉ်းသားတွေထက် နည်းလာ"
ကလေးငယ် ၇၄ ရာခိုင်နှုန်းဟာ တစ်နေ့လျှင် နေအိမ်ပြင်ပ ဆော့ကစားချိန် မိနစ် ၆၀ ထက် လျော့နည်းနေတယ်လို့ သုတေသနက ဆိုပါတယ်။
သုတေသနသစ်တစ်ခုရဲ့ ရလဒ်အစီရင်ခံစာအရ ယနေ့ခေတ် ကလေးငယ် ၄ ဦးမှာ တစ်ဦးရဲ့ နေ့စဉ် နေအိမ်ပြင်ပ နေထိုင်ဆော့ကစားမှု အချိန်ဟာ အကျဉ်းသားတွေ အကျဉ်းခန်းအပြင်ဘက်မှာ နေထိုင်မှုထက်ပင် နည်းပါးလာကြောင်း ဆိုပါတယ်။
ပုံမှန်အားဖြင့် ထောင်ကျနေတဲ့ အကျဉ်းသားတွေကို တစ်နေ့လျှင် တစ်နာရီ အကျဉ်းခန်းပြင်ပမှာ နေထိုင်ရန် တိုက်တွန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ယခု တွေ့ရှိရတဲ့ သုတေသနရလဒ်အရ ကလေးတွေဟာ နေအိမ်ပြင်ပမှာ အခြားသူတွေနဲ့အတူ ဆော့ကစားမှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ကလေးငယ် ၇၄ ရာခိုင်နှုန်းဟာ တစ်နေ့လျှင် နေအိမ်ပြင်ပ ဆော့ကစားချိန် မိနစ် ၆၀ ထက် လျော့နည်းနေတယ်လို့ သုတေသနက ဆိုပါတယ်။
ကလေးငယ် ၁၈ ရာခိုင်နှုန်းကသာ နေအိမ်ပြင်ပမှာ အချိန်ကြာကြာ နေထိုင် ဆော့ကစားလေ့ရှိကြောင်း သိရပါတယ်။ နည်းပညာနဲ့ အိမ်တွင်းဖျော်ဖြေရေး အသုံးအဆောင်တွေ တိုးတက်လာမှုနဲ့အတူ ကလေးတွေဟာ ၎င်းတို့ရဲ့ နေရာဒေသအလိုက် ရိုးရာကစားနည်းတွေကို ကစားခြင်း မရှိတော့ဘဲ နေအိမ်အတွင်း တီဗွီကြည့်ခြင်း၊ အင်တာနက်သုံးခြင်း၊ ဂိမ်းဆော့ခြင်းတို့ဖြင့်သာ နေ့စဉ် အချိန်ကုန်လေ့ရှိကြောင်း ထောက်ပြထားပါတယ်။
Source & Photo: Daily Mail
Credit: duwun

No comments:
Post a Comment