"ဖုန်းခဏခဏ ကြည့်သူတွေက စိတ်မရှည်သူတွေ ဖြစ်"
ဖုန်းခဏခဏ ကြည့်သူတွေဟာ စိတ်မရှည်တဲ့လူတွေ ဖြစ်တယ်လို့ စိတ်ပညာရှင်တွေပြုလုပ်တဲ့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။
မိုဘိုင်းဖုန်းကို ခဏခဏကြည့်သူတွေဟာ စိတ်မရှည်သူတွေဖြစ်ပြီး မလုပ်မနေနိုင်တဲ့စိတ်ကို ထိန်းချုပ်လို့ မရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ရလာမယ့် ဆုလာဒ်အစား လက်ရှိကာလလေးမှာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုကို ပိုနှစ်သက်နေသူတွေလို့လည်း အဆိုပါသုသေတနက ဆိုပါတယ်။
သုတေသနကို အမေရိကန် Temple တက္ကသိုလ်က စိတ်ပညာရှင် ဟင်နရီ ဝဲလ်မာက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘွဲ့ကြိုကျောင်းသား ၉၁ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး တွေ့ရှိချက်ကို Psychonomic Bulletin and Review ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Photos & Source: Daily Mail
Credit: duwun
No comments:
Post a Comment