"ဝေးကွာခြင်း"
နေရာ ဝေးကွာသူတွေက တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းမှာ ဆီးဆော စီးနေကြသလို ဝေးကွာနေကြရတယ်။
အချိန် ဝေးကွာသူတွေက သူ့ဆီမှာ နေထွက်ချိန်မှာ ကိုယ့်ဆီမှာ လသာ၊ အိပ်ချိန်၊ နားချိန်တွေကို လျော့ချရင်း ဝေးကွာကြရတယ်။
ဘာသာ ဝေးကွာသူတွေက အတ္တအစွဲ တစ်ခုအပေါ် အမှီပြုရင်း သူမကောင်း၊ ကိုယ်ကောင်း ငြင်းခုန်ကြရင်း ဝေးကွာကြရတယ်။
ခံစားချက် ဝေးကွာသူတွေက အခန်းတစ်ခန်းထဲ အတူရှိနေလျက်တောင် ပြောစရာစကား ရှားပါးပြီး ဝေးကွာကြရတယ်။
သဘောထားခြင်း ဝေးကွာသူတွေက ကုတင်တစ်လုံးထဲမှာ အိပ်နေရင်း တစ်ယောက် တစ်ဖက်စွန်းအဖြစ် ဝေးကွာကြရတယ်။
စိတ်ခြင်း ဝေးကွာသူတွေက မျက်နှာချင်းဆိုင်နေရင်း တစ်ယောက်ကို တစ်ယောက် မမြင်နိုင်လောက်အောင် ဝေးကွာကြရတယ်။
Credit: ကိုဇော်
No comments:
Post a Comment