Monday, May 18, 2015

"နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ"


"နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ"

လူတိုင်း ချစ်ခင်ကြတာပေါ့
ပန်းကလေးတစ်ပွင့်မှာ အဆင်းလည်း လှမယ်၊ အနံ့ကလေးကလည်း သင်းမယ်ဆိုရင် လူတိုင်း နှစ်သက်ကြသလိုပေါ့။ လူတစ်ယောက်မှာလည်း ရုပ်လည်းချောမယ်၊ သဘောလည်း ကောင်းမယ်ဆိုရင် လူတိုင်း ချစ်ခင်ကြတာပေါ့။ သဘောထားပုပ်ပြီဆိုရင်တော့ အနံ့မသင်းတဲ့ပန်းလို လူတကာ အော့ကြောလန်ပြီ။

ရိုးသားတဲ့ စိတ်ဓာတ်
ဣနြေ္ဒရတာ၊ သိက္ခာရှိတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့စိတ်ဓာတ်ကတော့လည်း ရှိရမယ်နော်။

ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့
လောကမှာ မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာအရပ် မရှိဘူးတဲ့။ ငါ မကောင်းတာ လုပ်နေတာ ဘယ်သူမျှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ သူလို ကိုယ်လိုလူက မသိပေမယ့် နတ်တွေက သိတယ်၊ မြင်တယ်၊ နောက်ဆုံး ဘယ်သူမျှ မသိဘူးဆိုတာတောင်မှ ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့၊ လောကကြီးကိုလည်း မလှည့်စားကြနဲ့။
၁။ လူကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ကြပါစေ။
၂။ နတ် ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။
၃။ ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ -


မဟာဂန္ဓာရုံဆရာတော်

No comments:

Post a Comment