Sunday, June 14, 2015

"လိမ္မော်ရည် သောက်သုံးခြင်းဟာ လူကြီးတွေရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်"


"လိမ္မော်ရည် သောက်သုံးခြင်းဟာ လူကြီးတွေရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်"

ထို Flavonoids ဟာ ဦးနှောက်ရဲ့ သင်ကြားမှုနဲ့ မှတ်ဥာဏ်တို့ကို လုပ်ဆောင်တဲ့ အပိုင်း Hippocampus ကို အချက်ပြခြင်းနဲ့ လှုံ့ဆော်ပေးတဲ့အတွက် ဦးနှောက်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တာဖြစ်တယ်လို့ သုတေသီတွေက ဆွေးနွေးခဲ့ကြပါတယ်။

Reading တက္ကသိုလ်က သုတေသီအဖွဲ့ဟာ အသက် ၆၀ ကနေ အသက် ၈၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီး ၂၄ ယောက်နဲ့ အမျိုးသား ၁၃ ယောက်ကို ၈ ပတ်တိတိ နေ့စဉ် လိမ္မော်ရည် ၅၀၀ မီလီလီတာ သောက်သုံးစေပြီး လေ့လာကြည့်ခဲ့ရာမှာ ၈ ပတ်အကြာမှာ သူတို့ရဲ့ ဦးနှောက်ထဲက စွမ်းရည်ပိုင်းဆိုင်ရာတွေမှာ တိုးတက်မှုတွေရှိလာတာကို တွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ မှတ်ဥာဏ်တွေ၊ တုန့်ပြန်မှုတွေနဲ့ စကားပြောတဲ့ အရည်အသွေးတွေဟာ လေ့လာမှုမစခင်မှာနဲ့ လေ့လာမှု အပြီးမှာ ကွာခြားမှုတွေရှိလာခဲ့ပါတယ်။ သူတို့ရဲ့ ဦးနှောက်စွမ်းရည်တွေဟာ ၂ လအတွင်း ၈ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်။

လူကြီးတွေကို နေ့စဉ် လိမ္မော်ရည် တစ်ပိုင့်ခန့် သောက်သုံးပေးဖို့ တိုက်တွန်းနေစရာမလိုပေမယ့် လိမ္မော်ရည်ဟာ လူကြီးတွေရဲ့ မှတ်ဥာဏ်ကို ကောင်းမွန်လာစေနိုင်တာကိုတော့ လူကြီးတွေ သိထားဖို့လိုအပ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။


Credit: ThitHtooLwin

No comments:

Post a Comment