Friday, June 12, 2015
"ရည်းစားနဲ့ လမ်းခွဲလိုက်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေ သက်သာစေဖို့ ကူညီပေးမယ့် နည်းလမ်း (၆) သွယ်"
"ရည်းစားနဲ့ လမ်းခွဲလိုက်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေ သက်သာစေဖို့ ကူညီပေးမယ့် နည်းလမ်း (၆) သွယ်"
အချစ်ရေးတစ်ခုကို အဆုံးသတ်လိုက်ရတာ လူတစ်ယောက်အတွက်တော့ အခက်ခဲဆုံး အချိန်တွေထဲက တစ်ခုပါ။ ကိုယ်က အဆုံးသတ်ဖို့ ရွေးချယ်သည်ဖြစ်စေ၊ ကိုယ့်ကို လမ်းခွဲစကား ဆိုသွားသည်ဖြစ်စေ ဒီအခြေအနေဆိုးကြီးက ပြန်ရုန်းထွက်ရင်း စိတ်ပိုင်းဆိုင်ရာ ထူထူထောင်ထောင် ဖြစ်နိုင်ဖို့ သင်ပြုလုပ်သင့်တဲ့ အချက် (၆)ချက်ကို ပြောပြပေးချင်ပါတယ်။
၁။ဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်လိုက်ပါတော့။
ဖုန်းထဲမှာ သိမ်းထားတဲ့ပုံတွေရော၊ အိပ်ယာဘေးမှာ တင်ထားတဲ့ နှစ်ယောက်တွဲပုံတွေရော၊ လူမှုကွန်ယက်ပေါ် တင်ထားတဲ့ပုံတွေ အားလုံးကို ဖျက်ပစ်လိုက်ပါ။ ခုလို အားလုံး အစအန ဖျောက်ပစ်တာဟာ သင့်ရည်းစာဟောင်းကို ပြန်သတိရစေတဲ့ အဖြစ်ကနေ သက်သာစေပါလိမ့်မယ်။
၂။ဆိုရှယ်မီဒီယာကနေ သူ့ကို Un-friend လုပ်လိုက်ပါ။
ဒီလိုဆုံးဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်၊ ဒါပေမယ့် ခုလို မလုပ်ရင် သင်ဟာ တစ်ချိန်လုံးနီးပါး သူ့ရဲ့ page ကို သွားသွားပြီး ကြည့်မိနေမှာပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် စိတ်ပြတ်သားသွားသလို ခံစားရပါလိမ့်မယ်။
၃။သူငယ်ချင်းတွေလို နေဖို့ မစဉ်းစားပါနဲ့။
ချစ်သူတွေ မဟုတ်တော့တာကြောင့် သူငယ်ချင်းလိုပဲ နေကြမယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဒါအမှားကြီးမှားတဲ့ ဆုံးဖြတ်ချက်ုလို့ ပြောပါရစေ။ တစ်ခါတစ်လေ ဆုံတာမျိုးက သဘာဝကျပေမယ့် သူငယ်ချင်းလို ဆက်နေဖို့ကတော့ သင့်အတွက် နာကျင်စရာတွေကို ပိုခံစားသွားရပါလိမ့်မယ်။
၎။ကိုယ့်အတွက်ကို အချိန်ယူပါ။
ဘယ်အရာကိုမှ အလျင်စလို မလုပ်ပါနဲ့။ မြန်မြန်မေ့ချင် မုန်းချင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖိအားပေးတာမျိုး မလုပ်ပဲ လုပ်စရာရှိတာလေးတွေ မှန်မှန်လုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ ၀ါသနာတွေဘက် လှည့်ရင်း အချိန်တွေ ကုန်လွန်သွားပါစေ။
၅။အပြင်လေရှုရှိုက်ရင်း လုပ်စရာရှိတာတွေကို လုပ်ဆောင်နေလိုက်ပါ။
အိမ်ထဲမှာ အခန်းထဲမှာ အသဲကွဲလို့ ခွေနေတာမျိုးတွေ မလုပ်ပါနဲ့။ အိမ်အပြင်ကိုထွက် ပေါ့ပေါ့ပါးပါးဖြစ်အောင်နေရင်း သဘာဝလေကို ရှုရှိုက်ကြည့်လိုက်ပါ။ သင့်စိတ်ထဲ ခဏတာ အေးချမ်းသွားမယ် ဆိုရင်တောင် ဒါအမြတ်ပါပဲ။
၆။သူငယ်ချင်းတွေနဲ့ တွေ့ပါ။
ချစ်သူရည်းစားနဲ့ ပြတ်သွားတဲ့အချိန် ဘယ်သူနဲ့မှမတွေ့ပဲ တစ်ယောက်တည်း အထီးကျန်ခံစားတာမျိုးတွေ မလုပ်ပါနဲ့။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေနိုင်အောင် အကျင့်လုပ်ပါ။ အခင်ဆုံးသူငယ်ချင်းတွေနဲ့ မုန့်အတူသွားစားတာ၊ ရှော့ပင်ထွက်တာ၊ ကော်ဖီဆိုင်ထိုင်တာမျိုးတွေ လုပ်ပါ။
ဟန်နီ
Credit: Trend Myanmar

No comments:
Post a Comment