Thursday, June 11, 2015
"အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ ဂလစ်ဆရင်"
"အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ ဂလစ်ဆရင်"
ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝအဆီ ဂလစ်ဆရင်အလှဆီဟာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အလှအပအတွက် အထိရောက်ဆုံးဖြစ်တာကြောင့် ဈေးကြီးအလှကုန်တွေ သုံးစွဲမှ ကောင်းတယ်လို့ မထင်ရလေအောင် ဂလစ်ဆရင်ရဲ့ အာနိသင်တွေကို မျှဝေပေးလိုက်ပါတယ်။
အသားအရေစိုပြည်စေခြင်း
အရေပြားဟာ ရေဓာတ်အမြဲပြည့်ဝနေဖို့ လိုအပ်တာကြောင့် ဂလစ်ဆရင်က အဲဒီအတွက် အကောင်းဆုံး အကျိုးပြုနိုင်ပါတယ်။ ဂလစ်ဆရင်က ပတ်ဝန်းကျင်လေထုထဲက ရေဓာတ်ကို စုပ်ယူတာကြောင့် အရေပြားကို အမြဲ စိုပြည်လန်းဆန်း နေစေပါတယ်။
အဆိပ်အတောက်ကင်းခြင်း
အဆီပြန်တဲ့ အရေပြားဖြစ်ဖြစ်၊ ထိခိုက်လွယ်တဲ့ အရေပြားဖြစ်ဖြစ် စိတ်ချလက်ချသုံးစွဲနိုင်တာကလည်း ဂလစ်ဆရင်ရဲ့ အားသာချက်တစ်ခုပါ။
အရေပြားဆဲလ်ဖွံ့ဖြိုးစေပြီး အရေပြားပြဿနာများ ကာကွယ်ခြင်း
နောက်ပြီး အရေပြားဆဲလ်တွေ ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးတဲ့အပြင် အရေပြားနီပြီး ရောင်အမ်းနာကျင်တာတွေ၊ ကြမ်းထော်တဲ့အနီပိမ့်ထတဲ့ ရောဂါနဲ့ အနာဖြစ်ရင်လည်း အမြန် သက်သာပျောက်ကင်းစေပါတယ်။ အဆီပြန်တဲ့ အရေပြားတွေမှာ ဖြစ်တတ်တဲ့ ၀က်ခြံနဲ့ အရေပြား ကျိန်းစပ်တာတွေကိုလည်း သက်သာစေပါတယ်။
နှုတ်ခမ်းစိုပြည်စေခြင်း
ဆောင်းတွင်းဘက်တွေမှာ အရေပြားခြောက်ပြီး ယားယံတာတွေ ကာကွယ်ပေးပါတယ်။ ဂလစ်ဆရင်ကို နှုတ်ခမ်းကိုသုတ်ပေးထားရင် နှုတ်ခမ်းကွဲ ခြောက်တာတွေ ကာကွယ်ပြီးသားဖြစ်ကာ နူးညံ့စိုပြည်နေစေပါတယ်။
ဆံပင်ပျော့စေခြင်း
ဆံသားတွေကို အန္တရာယ်ကင်းကင်းနဲ့ နူးညံ့ပျော့ပျောင်းစေဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတာနဲ့ ဂလစ်ဆရင်သုတ်လိမ်းပြီး မိနစ် အနည်းငယ်ထားကာ လျှော်ပေးပါက ထူထဲနက်မှောင်တောက်ပြောင်တဲ့ ဆံသားတွေ ပိုင်ဆိုင်ရမှာပါ။
ဗောက်ပျောက်ပြီး ယားယံမှုကင်းစေခြင်း
ဦးရေပြားခြောက်တာကြောင့် ဗောက်တွေထပြီး ယားယံရင် ဂလစ်ဆရင်ကို ဦးရေပြားမှာ လိမ်းပြီး ညင်ညာစွာနှိပ်နယ်ပေးပြီး ခေါင်းလျှော်ပေးရင် သက်သာပျောက်ကင်းစေမှာပါ။
ဆံပင်သပ်ရပ်စေခြင်း
ဆံသားကောက်ကောက်တွေဆိုရင် ခေါင်းစုတ်ဖွားနဲ့ မသပ်မရပ်တတ်တာကြောင့် ဂလစ်ဆရင်ကို ခေါင်းလိမ်းဆီအဖြစ် သုတ်လိမ်းမယ်ဆိုရင် သပ်သပ်ရပ်ရပ် ဖြစ်နေစေမှာပါ။
-Ref: healthmeup
Credit: 7day daily

No comments:
Post a Comment