Wednesday, June 10, 2015
"ညဘက်စမတ်ဖုန်းသုံးခြင်းသည် နောက်တစ်နေ့ လုပ်ငန်းခွင်တွင် သုံးစွဲရမည့် စွမ်းအင်များ အားကုန်ဆုံးနိုင်"
"ညဘက်စမတ်ဖုန်းသုံးခြင်းသည် နောက်တစ်နေ့ လုပ်ငန်းခွင်တွင် သုံးစွဲရမည့် စွမ်းအင်များ အားကုန်ဆုံးနိုင်"
ညကိုးနာရီကျော်တဲ့ထိ စမတ်ဖုန်းသုံးသူများဟာ နောက်တစ်နေ့ အလုပ်လုပ်ရာမှာ အာရုံစူးစိုက်မှု လျော့နည်းပြီး နွယ်းနယ်နေတတ်ကြောင်း လေ့လာချက်နှစ်ခုက တွေ့ရှိခဲ့ပါတယ်။
ထိုသုသေတနများကို Organizational Behavior and Human Decision Processes ဂျာနယ်ရဲ့ မေလထုတ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်အမျိုးမျိုးက လူများကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ပထမလေ့လာမှုက အဆင့်မြင့်မန်နေဂျာအဆင့်ရှိ လူ ၈၂ ယောက်ကို နှစ်ပတ်ကြာ လေ့လာခဲ့တာဖြစ်ပြီး ဒုတိယလေ့လာမှုကတော့ ကုန်ထုတ်လုပ်ရေး၊ စာရင်းအင်း အစရှိတဲ့ လုပ်ငန်းခွင်အသီးသီးက သာမန်အလုပ်သမားများကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ထိုကဲ့သို့ဖြစ်ရခြင်းမှာ အိပ်ချိန်လျော့နည်းလာ၍ ဖြစ်ကြောင်းကို Michigan State တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ရပ်ဆဲလ်ဂျွန်ဆင်က
“ညဘက်စမတ်ဖုန်းသုံးခြင်းဟာ လူတွေရဲ့ အိပ်နိုင်တဲ့စွမ်းရည်နဲ့ အိပ်ခြင်းက ပြန်အားပြည့်လာမယ့် လုပ်ငန်းဆောင်တာတွေမှာပါ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Credit: ဖိုးသူတော်

No comments:
Post a Comment