Tuesday, June 16, 2015
"မိချောင်းကိုစီးပြီး ချောင်းဖြတ်ကူးတဲ့ သတ္တိခဲ raccoon"
"မိချောင်းကိုစီးပြီး ချောင်းဖြတ်ကူးတဲ့ သတ္တိခဲ raccoon"
တောရိုင်းတိရိစ္ဆာန်တွေထဲမှာ မိချောင်းဆိုတာ အားလုံးကြောက်ရတဲ့ အသားစားသတ္တဝါ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကနို့တိုက်သတ္တဝါ တစ်မျိုးဖြစ်တဲ့ raccoon လေးတစ်ကောင်က မိချောင်းကျောကုန်းပေါ်တက်စီးပြီး ချောင်းကို ကူးဖြတ်သွားတဲ့ ဓါတ်ပုံကို ခရီးသွား ဧည့်သည်တစ်ဦးက မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
Richard Jones ဆိုသူအမျိုးသားက မိသားစုနဲ့အတူ အိုကာလာအမျိုးသားဥယျာဉ်ထဲမှာ လမ်းလျှောက်နေတုန်း ဒီမြင်ကွင်းကို တွေ့လိုက်ရတာဖြစ်ပါတယ်။ ရေပေါ်မှာ ငြိမ်သက်စွာသွားနေရတဲ့ မိချောင်းကျောကုန်းပေါ်မှာ raccoon တစ်ကောင်က ကြောက်ရွံ့ခြင်းကင်းမဲ့စွာ စီးနင်းလိုက်ပါနေတာဖြစ်ပါတယ်။ အဲဒီဓါတ်ပုံကို Richard Jones က အင်တာနက်ပေါ် တင်လိုက်ပြီးတဲ့နောက် ချက်ခြင်းပဲ ရေပန်းစားတဲ့ဓါတ်ပုံ ဖြစ်လာခဲ့ပါတယ်။
အချိန်မှန်နေရာမှန် ရောက်လာတဲ့အချိန်မှာ ဒီဓါတ်ပုံကို ကံကောင်းစွာနဲ့ ရိုက်ကူးနိုင်ခဲ့တာဖြစ်ကြောင်း အဆိုပါ အမျိုးသားကပြောပါတယ်။ အစာအတွက် သတ္တဝါအတော်များများကို ချမ်းသာပေးလေ့မရှိတဲ့ မိချောင်းရဲ့ အပြုမူကလည်း ထူးခြားနေပါတယ်။
Ref - bbc
Credit: Planet

No comments:
Post a Comment