ရာသီဥတုက အုံမှိုင်းမှိုင်းနဲ့ မိုးလေးကလည်း ဖွဲဖွဲရွာတဲ့တစ်နေ့မှာ ကိုတေလေက အရက်သောက်ဖို့ စိတ်ကူးရတာနဲ့ အရက်ဆိုင်သို့ ထွက်လာခဲ့တယ်။
အရက်ဆိုင်ရှေ့ ရောက်တော့ အ၀တ်အစား နွမ်းနွမ်းနဲ့အဖိုးအိုက အရက်ဆိုင်ရှေ့မှာရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး မိုးရွာထားလို့ ချိုင့်ခွက်က ရေလေးနည်းနည်းပြည့်နေတဲ့ အိုင်ထဲမှာ ငါးမျှားနေတာကို တွေ့တော့ အရမ်းသနားသွားတာနဲ့……
“အဘိုး ကျွန်တော်နဲ့အတူ အရက်တစ်ခွက်လောက် လိုက်သောက်ပါလား” ဆိုပြီးတော့ ကိုတေလေက ခေါ်လိုက်တယ်။
အရက်ဆိုင်ထဲရောက်တော့ ကိုတေလေက အဘိုးအိုကို အရက်တစ်ခွက်တိုက်ပြီး စကားပြောလိုက်တယ်……
“အဘိုး ငါးမျှားနေတာ ဘယ်နှစ်ကောင်ရပြီလဲဗျ” ဆိုးပြီး အဘိုးအိုကို မေးလိုက်တယ်။
အဘိုးအိုက……
“မင်းနဲ့ဆိုရင် ခုနှစ်ကောင် မိပြီ” တဲ့……။
Credit: Smilemay
No comments:
Post a Comment