"အချစ်ပျောက်သူရဲ့ဝန်ခံချက်"
မေ့နိုင်မှာပါလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်အခါခါ အားပေးရင်း မင်းကို မသိစိတ်က တမ်းတနေမိတယ်……။
မင်းနဲ့ပက်သက်လာရင် အမှတ်တရမရှိဘူးရယ်လို့ သတ်မှတ်ခဲ့တဲ့ငါ မင်းနဲ့ အတူတူသွားခဲ့တဲ့ နေရာလေးတွေကို အချိန်တိုင်း မြင်ယောင်နေမိတယ်……။
ချင်းစိမ်းနဲ့ မိတ်သလင် သူကြင်မှကိုယ်ကြင်လို့ စိတ်ထဲမှာ အားတင်းထားခဲ့ပေမဲ့ အခုထိ လွမ်းနေမိတာ ဘယ်သူသိနိုင်မှာလဲ……။
နားလည်မှုအလွဲတွေနဲ့ ငါတို့ မနီးနိုင်တော့ပေမယ့် ဘာရယ်မဟုတ် မင်းနဲ့ ဖုန်းပြောခဲ့တဲ့ နေ့တွေကို ပြန်အမှတ်ရရင်း ခုလည်းပဲ တယ်လီဖုန်းသံလေးတွေကို မျှော်နေမိတယ်……။
ဘယ်လိုပဲဖြေဖျောက် နှစ်သိမ့်နေပါစေ အတွေးထဲက ရုန်းထွက်မသွားခဲ့တဲ့ မင်းပုံရိပ်တွေကို ရင်ခုန်သာယာ ရစ်မူးဆဲမို့ မင်းကို ခဏတာမုန်းနေမိတဲ့ နှလုံးသားကိုဒဏ်ခတ်ရင်းနဲ့ ငါ မင်းကို ဆက်ချစ်နေမယ်……။
Credit: Pote Pote
No comments:
Post a Comment