"ဘ၀အတွက် အာဟာရဆေးစာ"
၁။ မျှော်လင့်ချက်သာရှိပါစေ ဘဝဆိုတာ ရှင်သန်လို့အကောင်းဆုံး အရာတွေပဲ။
၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား ကိုယ်ကစပြီး ပြုံးပြလိုက်ပါနော်။
၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ။
၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ။
၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ။
၆။ ဖန်ခွက်ထဲမှာ ရေတစ်စက် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်။
၇။ ကံတရားပါကွာလို့ ပြောနေသ၍ ညဏ်သမား ဖြစ်လာမှမဟုတ်ဘူး။
၈။ စေတနာသည် ကံတရား၏ အရင်းအမြစ် ဖြစ်သည်။
၉။ သံသယပျောက်စေဖို့ အကောင်းဆုံး နည်းလမ်းကတော့ လုံးဝ ယုံကြည်နေလိုက်ဖို့ပါပဲ။
၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ် ဆိုရင်တော့ မင်းဟာလူမိုက်ပဲ။
၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင် ပြောင်းလဲပြစ်နိုင်ပါတယ်။
၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာ အလကား အချိန်ဖြုန်းနေတာပါပဲ။
၁၃။ လူတိုင်း အမှားနဲ့မကင်းပေမယ့် ခဏခဏတော့ မမှားသင့်ဘူးလေ။
၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ ကျောင်းပါပဲ။
၁၅။ ဒုက္ခအနီးတွင် သုခရှိ၏။
၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့။
၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ် သူငယ်ချင်း။
၁၈။ ဘဝသည် အစမ်းသဘော နေထိုင်ခွင့်မရှိသော အရာ။
၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့ စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း
၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။
၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာတရားဆိုတာ မွေးဖွားနေဦးမှာ။
၂၂။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အပြုံးဟာ အခြေခံအကျဆုံး အရာတစ်ခုပါ။
၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲ ဒွန်တွဲနေလျက်ပါ။
Credit: Hnin Nandar
No comments:
Post a Comment