"ခွင့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်"
ခွင့်လွှတ်တယ်ဆို အနိုင်ယူတာလည်း မဟုတ်ဘူး၊ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး၊ အထက်စီးက နေတာလည်း မဟုတ်ဘူး၊ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်တယ်။
ချစ်သောမိတ်ဆွေသည်……
နူးညံ့သိမ်မွေ့အောင် သင်ပေးသည်။
မုန်းသောမိတ်ဆွေသည်……
သတိရှိအောင် သင်ပေးသည်။
လျစ်လျူရှုသောမိတ်ဆွေသည်……
ကိုယ့်အားကိုယ်ကိုးခြင်းကို သင်ပေးသည်။
မနာလိုသောမိတ်ဆွေသည်……
ဆင်ဆင်ခြင်ခြင်နေတတ်အောင် သင်ပေးသည်။
Credit: Pote Pote
No comments:
Post a Comment