"အကင်စာတွေ အစားများရင် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေရှိ"
မီးတောက်ဖြင့် တိုက်ရိုက် ထိတွေ့ကာ ကင်ထားသော အသားများကို အစားများသူတို့သည် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
တိရစ္ဆာန်များ၏ အသားများကို မီးအပူဖြင့် ကင်လိုက်လျှင် အသားများထဲကနေ ဟတ်ထရိုဆိုင်းလစ် အမိုင်းနှင့် ပိုလီဆိုင်းလစ် အရိုမက်တစ် ဟိုက်ဒရိုကာဗွန် ဓာတ်နှစ်မျိုး ထွက်လာသည်။ ထိုနှစ်မျိုးသည် ကျောက်ကပ်၏ ဒီအင်န်အေ ဖွဲ့စည်းပုံကို ကစဥ့်ကလျား ဖြစ်စေသဖြင့် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားလာနိုင်ခြေ ပိုများလာရကြောင်း အမေရိကန် ကင်ဆာ အသင်းကြီးက သတိပေးလိုက်သည်။
အကင်စာတွေ အစားများသူတို့သည် ကျောက်ကပ်သာမက၊ အူမကြီး၊ ပန်ကရိယာနှင့် ဆီးကျိတ်ကင်ဆာများပါ ပိုအဖြစ်များကြကြောင်းလည်း ကင်ဆာအသင်းကြီးက ဆိုသည်။ အသင်းကြီး၏ လေ့လာသုတေသနသည် ကင်ဆာဝေဒနာရှင် (၆၅၉) ဦးနှင့် ကင်ဆာမရှိသူ (၆၉၉) ဦးကို လေ့လာ ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။
ကင်ဆာ ဖြစ်ပွားနေသူများသည် ယခင်က အကင်စာများကို အစားများခဲ့သူများ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့ခဲ့ရသည်။ လေ့လာမှုစစ်တမ်းကို Cancer ဂျာနယ်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ ကျန်းမာရေး အသင်းကြီး၏ ၂၀၁၂ ခုနှစ် စာရင်းအရလည်း အမေရိကန်တွင် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားသူပေါင်း (၃၇၆၀၀၀) ဦး ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား တစ်သိန်းတွင် (၁၆) ယောက်သည် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားလျက်ရှိသည်။
Credit: messenger
No comments:
Post a Comment