"ချစ်နေဆဲပါ…"
အတိတ်ဆိုတာ ကျန်ရစ်ခဲ့ပြီဆိုပေမယ့် ငါ့ရင်မှာတော့ မနေ့တစ်နေ့ကလိုပါဘဲ။ နာကျင်တယ်ဆိုတာ ဘာမှန်းမသိပေမယ့် ငါ့ရင်မှာတော့ သွေးစိမ်းရှင်ရှင် စီးလို့နေတယ်။ ဝေဒနာဆိုတာ ဘာသာမပြန်တတ်ပေမယ့် ငါ့ရင်မှာတော့ လွမ်းတတ်ခဲ့တာကြာလှပေါ့။
နင်မရှိတော့ပေမယ့် ငါ့ရင်မှာ နင်ရှိနေဆဲပါ။
ငါမလွမ်းတော့ပေမယ့် မျက်ရည်တွေ ခုထိကျဆဲပါ။ ပြန်မလာမှာသေချာနေပေမယ့် ငါမျှော်တာ ငါသာအသိဆုံးပါ။ ရင်ခွင်တစ်စုံ နာကျင်နေပေမယ့် ဒီရင်မှာ နင့်ကိုချစ်ဆဲပါ။
မသေချာ မရေရာတွေကြားထဲမှာ သေချာ ရေရာတာက နင့်ကိုချစ်တယ်။ မပြေလည်နိုင်တာတွေ ရှိပေမယ့် ပြန်ပြေလည်ချင်တာ ဆန္ဒပါ။ မရနိုင်တော့ဘူးဆိုပေမယ့် လိုချင်နေမိတာ အတ္တပါ။
အတိတ်တွေကျန်ခဲ့ပေမယ့် ငါ့အနာဂတ်တွေကို လှမ်းမျှော်ကြည့်ရင်း ပစ္စုပန်မှာ ချစ်နေဆဲပါ။ ဒဏ်ရာတွေမရှိတော့ပေမယ့် တိုက်ဆိုင်တိုင်းမှာ နာကျင်နေဆဲပါ။
တစ်ချိန်က ချစ်ခဲ့ဖူးတဲ့နင်၊ တစ်ချိန်က မုန်းခဲ့ဖူးတဲ့နင်၊ ခံစားချက်တွေကို အလွယ်တကူ မွေးဖွားနိုင်ပေမယ့် ငါ့မှာတော့ ချစ်မြဲချစ်လျက်
အထီးကျန်နေဆဲပါဘဲ ချစ်သူရယ်။
Credit: Pote Pote
No comments:
Post a Comment