ယောက်ျားလေးတွေ တကယ်ချစ်တဲ့အခါ လူအများမှာ ကြွားဝါလိုကြတယ်။ ဒါ ငါ့ချစ်သူ လို့ပေါ့။ မိန်းကလေးတွေ တကယ်ချစ်တဲ့အခါ တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်။ ခွဲမသွားနဲ့ လို့ပေါ့။
ယောက်ျားလေးတွေ သတိရတဲ့အခါ မအားလပ်နိုင်တဲ့ကြားက ဖုန်းတွေဆက်ကြ၊ စာတွေရေးကြတယ်။ မိန်းကလေးတွေ သတိရတဲ့အခါ အလုပ်တွေကြားထဲက စောင့်မျှော်တက်ကြတယ်။
ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်။ မိန်းကလေးတွေက သိုသိုဝှက်ဝှက် အိမ်မက်ဆန်ဆန် စိတ်ကူးယဉ်ကြတယ်။
ယောက်ျားလေးတွေက ဘာလုပ်ချင်တယ် ဆိုတာကို ပြောပြီး မိန်းကလေးတွေက ဘာဖြစ်သင့်တယ်ဆိုတာ ပြောကြတယ်။
ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်။
ယောက်ျားလေးတွေက အချစ်ကို ရှေ့တန်းတင်ပြီး သူရဲကောင်း လုပ်ချင်ကြတယ်။ မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်။
ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့ တယုတယပြောတဲ့ အချိန် မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်……တဲ့
Credit: Nu Nu Yi
No comments:
Post a Comment