Sunday, March 13, 2016
ကိုယ့်ချစ်သူက
ကိုယ့်ချစ်သူက ကမ္ဘာပေါ်မှာ အလှဆုံး ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူက ကိုယ့်ကမ္ဘာကို အလှဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်တယ်။
ပျော်ရွင်ရယ်မောမှုတွေ ဘယ်လောက်များများ ရယ်မောရတာ အသက်ပါချင်မှပါမယ်။ ဒါပေမဲ့ ချစ်သူပြောပြတဲ့ ဟာသတစ်ခွန်းလောက်တော့ မရယ်မောမိတာ အမှန်ဘဲ။
ဘယ်လောက်ဘဲ စိတ်ဆိုးစိတ်ကောက်ကောက် တစ်ခြားသူတွေ ချော့တဲ့အခါ ပြေချင်မှပြေမယ်။ ချစ်သူမျက်နှာ မြင်လိုက်ရင်တော့ အလိုလို ပြုံးမိလာတယ်။
ဟိုး… အမြင့်ကြီးနေ အောက်ကိုငုံကြည့်လိုက်။ ရင်တွေတစ်ဒိန်းဒိန်း ခုန်ချင်ခုန်နေလိမ့်မယ်။ ဒါပေမဲ့ ချစ်သူနှစ်ဦး ဆုံတွေ့ချိန် ခုန်တဲ့ရင်ခုန်သံက ပိုမြန်ပါတယ်။
Np
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment