Friday, March 4, 2016
"အချစ်နဲ့ မကင်းနိုင်သူ အမျိုးသားများ အကြောက်ဆုံး ဒုက္ခ"
"အချစ်နဲ့ မကင်းနိုင်သူ အမျိုးသားများ အကြောက်ဆုံး ဒုက္ခ"
အမျိုးသမီးတွေနဲ့ ဈေးဝယ်ထွက်ရတာ အမျိုးသားတွေအတွက်တော့ ဆိုးရွားတဲ့ ဒုက္ခတစ်ခုပါပဲ။
အချစ်နဲ့ မကင်းနိုင်သူ အမျိုးသားတွေအားလုံး ပြထားတဲ့ ပုံတွေထဲကလို အနည်းဆုံး တစ်ခေါက်တော့ အတွေ့အကြုံ ရဖူးကြမှာပါ။ ချစ်သူနဲ့ ဈေးဝယ်ထွက်ရတာ အမျိုးသားတွေအတွက်တော့ မလွယ်ကူလှပါဘူး။
ဈေးဝယ်ထွက်တဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ရှည်သည်းခံမှုနဲ့ အပင်ပန်းခံနိုင်မှုက တကယ့်ကို အံ့မခန်း ဖြစ်ပါတယ်။ အမျိုးသမီးဝတ် အဝတ်ဆိုင်ဧည့်ခန်းထဲမှာ ထိုင်စောင့်ရတာဟာ အမျိုးသားတွေအတွက်တော့ မလုပ်ချင်ဆုံး အရာတစ်ခုပါ။ ရဲရင့်ပြီး အပင်ပန်းခံနိုင်တဲ့ စစ်သည်တွေတောင် ဒီလိုဒဏ်ကို တော်ရုံခံနိုင်လေ့ မရှိပါဘူး။
မကြာသေးခင်ကပဲ လူမှုကွန်ယ်က အင်စတာဂရမ်အကောင့်မှာ အမျိုးသားတွေ ဒီလိုဒုက္ခခံရတဲ့ ဓာတ်ပုံတွေကို စုစည်းထားတဲ့ စာမျက်နှာတစ်ခု ထွက်ပေါ်လာပါတယ်။ လူမှုကွန်ယက် စာမျက်နှာ နာမည်ကတော့ “Miserable Men That Went Shopping” လို့ အမည်ပေးထားပါတယ်။
အချစ်နဲ့မကင်းနိုင်သူ အမျိုးသားတွေရဲ့ ဒုက္ခ ဘယ်လောက်ကြီးမားလဲဆိုတာ ဒီစာမျက်နှာက အတိအကျ ဖော်ပြပေးနေပါတယ်။
Source : Daily Mail
Photos : Instagram/miserable men
Credit: duwun








No comments:
Post a Comment