Friday, February 13, 2015

" မိမိအသက်အရွယ်အလိုက် အိပ်ချိန် ဘယ်လောက်ရှိသင့်သလဲ "

" မိမိအသက်အရွယ်အလိုက် အိပ်ချိန် ဘယ်လောက်ရှိသင့်သလဲ "

အသက်ရွယ်အလိုက် လူ့ရဲ့ လိုအပ်တဲ့ အိပ်ချိန်ဆိုတာ ရှိကြပါတယ်။ အလုံအလောက်သာ အိပ်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှု၊ မောပန်းမှုတွေ ကြုံရမှာ မဟုတ်ကြောင်း ကျွမ်းကျင်ပညာရှင်များရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စိတ်ပြေလက်ပျောက်ဖြစ်ဖို့နဲ့ အားအင်အပြည့်အဝရှိနေဖို့ ကျွန်ုပ်တို့ အိပ်ချိန် အမျိုးမျိုးလိုအပ်ကြတယ်။ တချို့က အိပ်ချိန် (၈) နာရီ လိုအပ်ပြီး အချို့ကျတော့ တစ်နေ့ကို ၉ နာရီလိုအပ်တယ်။

သို့သော် ကျွန်ုပ်တို့ အသက်အရွယ်အလိုက် အိပ်ချိန်ဘယ်လောက်လိုအပ်လဲဆိုတာ  ပညာရှင်တွေ တွက် ပြပေးထားပါတယ်။ သိပ္ပံပညာရှင်နဲ့ သုတေသီအဖွဲ့တစ်ဖွဲ့က သူ့အရွယ်အလိုက် အကောင်းဆုံး အိပ်စက်ချိန်တွေကို အကြိမ်ကြိမ် တွက်ချက်ခဲ့ပြီး အောက်ပါအချက်အလက်အတိုင်း ရရှိလာခဲ့ပါတယ်။

ဝ-၃ လကလေး   ၁၄-၁၇ နာရီ
၎-၁၁ လကလေး   ၁၂-၁၅ နာရီ
၁-၂ နှစ်အရွယ်ကလေးများ  ၁၁-၁၄ နာရီ
၃- ၅ နှစ် (မူလကလေးအရွယ်)   ၁၀-၁၃ နာရီ
၆ - ၁၃ နှစ်ကလေး   ၉-၁၁ နာရီ
၁၄ - ၁၇ နှစ် ဆယ်ကျော်သက်  ၈-၁၀ နာရီ
၁၈-၂၅ နှစ် မြီးကောင်ပေါက်/လူငယ်အရွယ်  ၇-၉ နာရီ
၂၆ - ၆၄ နှစ် အရွယ်ရောက်ပြီးသူများ   ၇-၉ နာရီ
၆၅ နှစ်နဲ့ အထက်လူကြီးများ  ၇-၈ နာရီ

Credit : Trend Myanmar


No comments:

Post a Comment