Wednesday, February 18, 2015

" ကိုယ့်သူငယ်ချင်းက ကိုယ့်ချစ်သူကို အထာပေး၊ အီစီကလီလုပ်နေသလားဆိုတာ ခွဲခြားနိုင်မယ့် အချက်များ "

" ကိုယ့်သူငယ်ချင်းက ကိုယ့်ချစ်သူကို အထာပေး၊ အီစီကလီလုပ်နေသလားဆိုတာ ခွဲခြားနိုင်မယ့် အချက်များ "

တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ လောကကြီးမှာ အများကြီးပါ။ ကိုယ့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းက ကိုယ့်ချစ်သူအပေါ် ချစ်စိတ်ဝင်သွားတာကြောင့် ကိုယ့်ကိုတောင် ဂရုမစိုက်တော့ပဲ အထာပေးနေတာမျိုး၊ ကိုယ့်ချစ်သူကို အီစီကလီတွေ လုပ်နေတာမျိုးကြုံလာရင် ဒါဟုတ်လား မဟုတ်လား ခွဲခြားနိုင်ဖို့အရေးကြီးပါတယ်။ သူကတော့ ကိုယ့်ကို ဒီကိစ္စမျိုး ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ပါဘူး။ ဒီလိုမျိုးအခြေအနေမှာ ကိုယ့်ဘက်က သူ့ရဲ့အရိပ်အကဲတွေကို ကြည့်ပြီး ဟုတ်မဟုတ် သုံးသပ်ကြည့်နိုင်တဲ့ အချက်တွေတော့ရှိပါတယ်။

အဲ့ဒါတွေကတော့

၁။ကိုယ့်ချစ်သူနဲ့ရှိနေချိန်တိုင်း အကြောင်းမရှိ အကြောင်းရှာပြီး ရောက်လာတတ်တယ်ဆိုရင်။

ကိုယ့်ဆီ ဖုန်းဆက်ပြီး နင်ဘယ်မှာလဲ မေးတယ်။ ငါ့ရည်းစားနဲ့အတူတူလို့ ပြောလိုက်တာနဲ့ ငါလည်းအဲ့ဒီနား လာစရာရှိလို့ နင်တို့ဆီလာခဲ့မယ်လို့ အမြဲပြောတတ်တယ်ဆိုရင် ဒါဟာ သံသယဖြစ်ဖွယ်အချက်ပဲပေါ့။ ဘယ်သူကမှ သူများရည်းစားတွေကြား တစ်ယောက်တည်း ယောင်တောာင်တောင်ဖြစ်နေမယ့် ကိစ္စမျိုး မဖန်တီးဘူးလေ။

၂။စကားပြောရင် သူမရဲ့ဆံပင်တွေကို အကြောင်းမဲ့လိမ်နေမယ်ဆိုရင်။

ကောင်မလေးအများစုက သူတို့သဘောကျတဲ့ ကောင်လေးတွေကို အထာပေးတဲ့အခါ ဆံပင်တွေကို လိမ်ပြီးစကားပြောတတ်ကြပါတယ်။ ကဲ ခုအဲ့ဒီလိုအထာပေးစရာ ကိုယ့်ရည်းစားအပြင် တခြား ယောင်္ကျားလေးများ အနားမှာရှိသလား။ မရှိဘူးဆိုရင်တော့ စဉ်းစားစရာပေါ့။

၃။ကိုယ့်ချစ်သူကို ဟိုထိ၊ ဒီထိ စကားပြောနေပြီဆိုရင်။

ဘယ်သူမဆို ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့အရာတွေဆိုရင် တို့ထိချင်စိတ် ရှိတတ်ကြပါတယ်တဲ့။ ဥပမာ ကိုယ်ကြိုက်တဲ့ ဆွယ်တာလေးကို ရောင်းဖို့ချိတ်ထားတာဆိုရင်၊ ဒါမှမဟုတ် အရုပ်ကလေးတစ်ရုပ်ကို စတိုးဆိုင်မှာ ပြထားတာဆိုရင် ကိုင်ကြည့်၊ ထိကြည့်ချင်ကြပါတယ်။ ဒီလိုပါပဲ ကိုယ်သဘောကျတဲ့သူနဲ့ စကားပြောရင် အဲ့ဒီလို ထိကိုင်ပြီး ပြောဆိုချင်တတ်ကြတာမို့ သူမက ကိုယ့်ချစ်သူကို ဒီလိုမျိုးအပြုအမူတွေ လုပ်မလုပ်ကြည့်ပါ။ မျက်လုံးကိုလည်း သေချာကြည့်ပါ။

၎။ကိုယ့်ချစ်သူရဲ့ ဖုန်းနံပါတ်ကို တောင်းပြီး sms တွေ ပို့တတ်တယ်ဆိုရင်။

ဒီအချက်ကတော့ တော်တော်လေး ထင်သာမြင်သာ ဖြစ်သွားပါပြီ။ ဘယ်သူကမှ သူများရည်းစားကို စည်းဘောင်ကျော်ပြီး sms တွေ မပို့ပါဘူး။ ဘာမှမဟုတ်တဲ့၊ အရေးမကြီးတဲ့ အကြောင်းအရာတွေကို sms ပို့ပြီး ပြောဆိုနေတယ်ဆိုရင် ဒါ သံသယဖြစ်စရာ အကောင်းဆုံးအချက်ပေါ့။

၅။ကိုယ့်ကို ကိုယ့်ချစ်သူရှေ့မှာ သိက္ခာကျအောင် စသလိုလိုနဲ့ ပြောနေပြီဆိုရင်။

ကိုယ့်အကြောင်း ကောင်းကြောင်း တစ်ခုမှ မပြောပေမယ့် အရင်တုန်းက ထားခဲ့တဲ့ ဘဲတွေအကြောင်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုပ်မှာ ကိုယ်ဘယ်လို အရှက်ကွဲခဲ့တယ်ဆိုတာတွေကိုပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရှေ့မှာ စလိုနောက်သလို ပြောတတ်တယ်ဆိုရင် ဒါဟာ ကိုယ့်ကို သက်သက်လုပ်နေတာပါပဲ။

၆။ကိုယ်တို့နဲ့အတူရှိနေချိန်ဆို ကိုယ်နေဟန်ထားကို ကြည့်ကောင်းအောင် ကြိုးစားပြုမူနေတယ်ဆိုရင်။

ကိုယ့်ချစ်သူနဲ့ကိုယ်ရှိနေချိန် သူလည်း ဘေးမှာရှိနေတယ်ဆိုပါစို့။ အရင်တုန်းက ထိုင်သလိုပုံစံမျိုး မဟုတ်ပဲ ခါးကိုမတ်မတ်ထား၊ ခြေထောက်ကိုချိတ်၊ ရင်ကိုကော့ပြီး ကိုယ်နေဟန်ထားအပြည့်နဲ့ ပြုမူနေပြီဆိုရင် ဒါဟာ တစ်ဖက်လူရဲ့ အာရုံကို ဖမ်းစားချင်လို့ပါ။

၇။သူ့အတွက် ကျသင့်ငွေကို အမြဲရှင်းစေချင်တယ်ဆိုရင်။

သူငယ်ချင်းတွေနဲ့ အပြင်မှာ မုန့်စားကြတဲ့အခါ ကိုယ့်ချစ်သူက အားလုံးအတွက် ပိုက်ဆံရှင်းလိုက်တယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေကြားထဲ ကိုယ်မျက်နှာကောင်းရတာပေါ့။ ဒါပေမယ့် နောက်တစ်ခါဆိုရင် ကိုယ့်တစ်ယောက်တည်း အတွက်ပဲ သူရှင်းပါစေ။ တစ်ခြားတစ်ယောက်ရယ်၊ ကိုယ်ရယ် နှစ်ယောက်စာအတွက် ကိုယ့်ချစ်သူက ပိုက်ဆံထည့်ရှင်းပေးတာမျိုး မလုပ်ပါစေနဲ့။

၈။သူ့ဘေးနားမှာ အမြဲဝင်ထိုင်တတ်သူဆိုရင်။

ကိုယ့်သူငယ်ချင်းက မိန်းမသားအချင်းချင်း ကိုယ့်ဘေးမှာပဲ ထိုင်ရမှာပေါ့။ ကိုယ့်ဘေးမှာ နေရာမရှိတော့လို့ သူ့ဘေးသွားထိုင်လိုက်ရတယ် ဆိုတာကို မပြောလိုပေမယ့် ကိုယ့်ဘေးမှာလည်း ခုံရှိရက်သားနဲ့ ကိုယ့်ချစ်သူဘေးမှာပဲ ဆုံချိန်တိုင်း အမြဲထိုင်တတ်သူဆိုရင် သင်ဒါကို ထည့်စဉ်းစားရတော့မှာပေါ့။

၉။အသံကျယ်ကျယ်လေး ရယ်မောပြတတ်သူဆိုရင်။

ကိုယ့်ချစ်သူက ဟာသ ဒါမှမဟုတ် ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ပြောလိုက်တာနဲ့ သူက အူလှိုက်သဲလှိုက်ကို သဘောကျရယ်မောပြနေပြီ၊ အသံကျယ်ကျယ်လေးကို ရယ်မောပြနေခြင်းဟာလည်း သင့်ချစ်သူကို ဆွဲဆောင်နေတာပဲပေါ့။

၁၀။တခြားသူငယ်ချင်းတွေဆီက သူမအကြောင်း တစွန်းတစ ကိုယ့်ကို ဖွင့်ဟလာမယ်ဆိုရင်။

ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း သူငယ်ချင်းတွေကပဲ နင်သူ့ကိုတော့ သတိထားနော် ဆိုတာမျိုး၊ နင့်ကောင်လေးကို သူစိတ်ဝင်စားနေတယ်ထင်တယ် ဆိုတဲ့ တစွန်းတစ်စလှစ်ဟမှုတွေ ရှိလာတဲ့အခါ ဒါကိုကိုယ့်ဘက်က သံသယဖြစ်နေတဲ့ အချက်တွေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင် ပေါင်းစပ်စဉ်းစားကြည့်ပါ။


Credit : Trend myanmar


No comments:

Post a Comment