"ရင်သား ပိုမိုဖွံ့ထွားချင်တဲ့ ပျိုမေတွေ သိထားသင့်တဲ့ အချက်တစ်ချို့"
ရင်သားလှလှ ကြီးထွားလာချင်လား။ အမျိုးသမီး အတွင်းခံဖြန့်ချိ ရောင်းချသူတွေရဲ့ အဆိုအရ ၁၉၈၃ ခုနှစ်လောက်တုန်းက အမျိုးသမီးတွေရဲ့ အတွင်းခံအင်္ကျင်္ီဆိုဒ်က 34B ကနေ ရုတ်တရက် ဆိုသလို 34DD ကို ကြီးထွားလာပါတယ်။ ဒါဟာ အမျိုးသမီးတွေ ရုတ်တရက် ရင်သားကြီးထွားလာတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ရွေးချယ်မှုပုံစံ ပြောင်းသွားတာပါ။ အခုနောက်ပိုင်း ရင်သားကြီးတာဟာ အလှတရား တစ်ခုလို ဖြစ်လာပါတယ်။ ဒီတော့ ရင်သားကြီးအောင် လုပ်မှာလား ဘရာအထူကြီးတွေပဲ ၀တ်ဆင်မှာလား ဆိုတာတော့ ရွေးချယ်ရမှာပါ။
ဒီတော့ ရင်သားကြီးစေတဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ။
ခေါင်းကိုမတ်မတ်ထား၊ ပခုံးကိုမြှင့်ပြီး ကျောရိုးတစ်ဖြောင့်တည်း လမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက်ဟန်က ရင်သားကြီးတယ်လို့ ထင်ရစေပြီး ပိုပိန်၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။
(၂) ခါးသွယ်အောင်လုပ်ပါ။
ခါးလေ့ကျင့်ခန်းလုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေက တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူထားသလို ဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်း မဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာမလိုဘဲ ကြီးတယ်လို့ ထင်ရစေတဲ့နည်းပါ။
(၃) အတွင်းခံဆိုဒ်ကို သေချာတိုင်းပါ။
မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာမတိုင်းကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအင်္ကျီမှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။
(၄) လည်ပင်းဆိုဒ်အမှန်နဲ့ အင်္ကျီကိုသာဝတ်ပါ။
လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အင်္ကျီမျိုး မ၀တ်ပါနဲ့။ လည်ပင်းဆိုဒ်မှန်မှသာ အင်္ကျီက ခန္ဓာကိုယ်နဲ့ အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။
(၅)မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါစေ။
ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အင်္ကျီတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်လိုက်မယ် ဆိုရင် အန္တရာယ်ကင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။
lutawlupyaw
No comments:
Post a Comment