Wednesday, March 11, 2015

" စက်ဘီး စီးလေ့ရှိသူများ သာမန်ထက် ပိုနုပျို "

" စက်ဘီး စီးလေ့ရှိသူများ သာမန်ထက် ပိုနုပျို "

စက်ဘီးစီးခြင်းက ကိုယ်ရောစိတ်ပါ နုပျိုစေကြောင်း သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြသည်။ အပျော်တမ်း စက်ဘီးစီးလေ့ရှိသည့် အသက် (၅၅) နှစ်မှ (၇၉) နှစ်ကြား ရှိ သူများကို လေ့လာ ကြည့်ရာ သက်တူရွယ်တူ အများစုထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အရပါ ပိုနုပျိုကြောင်း လေ့လာ သိရှိခဲ့ရသည်။

လေ့လာခံ သူများထဲတွင် အမျိုးသား (၈၁) ဦး၊ အမျိုးသမီး (၄၁) ဦး ပါဝင်သည်။ ထိုသူများ၏ နှလုံး၊ အဆုတ်၊ ကြွက်သား၊ အရိုးများ ကျန်းမာရေးကိုပါ သုတေသန ပြုထားသလို စိတ်ကျန်းမာမှုကိုလည်း မှတ်တမ်း တင်ထားသည်။ လန်ဒန်မြို့ ဘုရင့် တက္ကသိုလ်မှ ဒေါက်တာ ရော့စ်ပဲလော့ခ်နှင့် ပါမောက္ခ ဒေါက်တာ နော်မန်လာဇာရက်တို့ ပြုလုပ်ထားသည်။

ဒေါက်တာ နော်မန် လာရာဇက် ဆိုသူက တက်ကြွစွာ နေထိုင်ခြင်းကြောင့် သက်ကြီးပိုင်း ရောက်သည်အထိ လှုပ်လှုပ်ရှားရှား နေထိုင်နိုင်ကြောင်း၊ စက်ဘီးစီးခြင်းသည် စိတ်ပိုင်းဆိုင်ရာကို တက်ကြွအောင် နရရုံသာမက ခန္ဓာကိုယ်တွင်း အဓိကကျသည့် စနစ်များ ဖြစ်သည့် ကြွက်သား၊ နှလုံး၊ အဆုတ် အစရှိသည့် ကိုယ်တွင်း အစိတ်အပိုင်းများကိုပါ အသုံးပြုဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အသက်အရွယ် ရလာပါက ခန္ဓာကိုယ်တွင်း လုပ်ဆောင်မှုများကို အပြောင်းအလဲ ဖြစ်စေနိုင်သည့် ရုံးထိုင် အလုပ်များကြောင့် ဖြစ်တတ်သည့် ဆိုးကျိုးများကို စက်ဘီးစီးခြင်းက ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။
လူအများစုမှာ ရုံးထိုင်အလုပ်ကို လုပ်ကိုင်နေကြသဖြင့် ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်းက အိုမင်းရင့်ရော်လာခြင်း၏ အကြောင်းပြချက်ဟု ယူဆနိုင်စရာ ဖြစ်လာကြောင်း သိရသည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိစေမည့် ကိုယ်လက်လှုပ်ရှား အားကစားများက တစ်သက်လုံး ကျန်းမာစွာ နေထိုင်သွားစေနိုင်မည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။



lutawlupyaw

No comments:

Post a Comment