Thursday, March 12, 2015

" ခန္ဓာကိုယ်မှ ရေဓာတ် လိုအပ်နေပြီဖြစ်ကြောင်း သိသာစေတဲ့ အချက်များ "

" ခန္ဓာကိုယ်မှ ရေဓာတ် လိုအပ်နေပြီဖြစ်ကြောင်း သိသာစေတဲ့ အချက်များ "

ကျွန်ုပ်တို့ ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံက ရေတွေဖြစ်ပါတယ်။ မကြာခဏ ရေအစား အဖျော်ယမကာ သို့မဟုတ် အချိုရည်သောက်နေကြပေမယ့် ရေကို အလုံအလောက် သောက်ဖို့တော့ ကျွန်ုပ်တို့ မေ့နေတတ်ကြပါတယ်။ သင် ရေဆာနေပြီဆိုတဲ့ အချိန်ဟာ ကိုယ်ခန္ဓာမှ ရေဓာတ် ခန်းခြောက်နေလို့ပဲဆိုတာ သိထားပါ။

မိမိအာသာပြေစေဖို့ တစ်နေ့အချိုရည် ဘယ်နှစ်ကြိမ်သောက်တတ်သလဲ ပြန်စဉ်းစားကြည့်ပါ။ ရေဓာတ်ခန်းခြောက်တဲ့အခါ မိမိကိုယ်ခန္ဓာက ပုံမှန် လည်ပတ်နိုင်အားထက် ပိုလျော့နေတာဖြစ်ပါတယ်။ ရေဆာတဲ့အချိန်ထိ စောင့်ဆိုင်းမနေဘဲ ဒီလက္ခဏာတွေဖြစ်တဲ့အခါ ရေကို သောက်လိုက်ပါ။

၁။ ပင်ပန်းနွမ်းလျမှု
၂။ အသားအရေခြောက်ခြင်း
၃။ ဝမ်းချုပ်ခြင်း
၎။ ခေါင်းကိုက်ခြင်း စတာတွေဟာ ခန္ဓာကိုယ်မှ ရေဓာတ် လိုအပ်နေပြီဆိုတာ သတိပေးနေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment