"အလေ့အကျင့် ဆိုးလေးတွေကို ဘယ်လိုဖျောက်မလဲ"
လူအတော်များများမှာ ပတ်ဝန်းကျင်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ၊ လူတွေ ကိုယ့်ကို အထင်အမြင် သေးစရာ၊ အလှပျက်စရာ အကျင့်ဆိုးလေးတွေ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ အဲဒီ့အကျင့်ဆိုးတွေက ကိုယ့်ကိုယ်ကိုယ် ပြုမူနေမှန်း မသိလိုက်ဘဲ လူအများကြားမှာ အမှတ်မထင် ပြုမူမိတတ်ကြပါတယ်။ ဥပမာ- လက်သည်း ကိုက်တာ၊ ဆံပင်ကို တစ်ချိန်လုံး ကိုင်နေတာ၊ လက်မ စုပ်နေတာ စသဖြင့်ပေါ့။ အဲဒီလို အကျင့်ဆိုးတွေကို ဖျောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
၁။ လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တဲ့ အကျင့်က ကလေး လေးယောက်မှာ တစ်ယောက်သာ ပြုမူပေမယ့် အရွယ်ရောက်ပြီး သူနှစ်ယောက်မှာ တစ်ယောက် ပြုမူတတ်ကြောင်း အံ့အားသင့်ဖွယ် လေ့လာ တွေ့ရှိရပါတယ်။
-အနီးအနားမှာ လက်သည်းညှပ်၊ တံစဉ်းတစ်ခုခု ဆောင်ပါ။
-လက်သည်းနီ ဆိုးတာကလည်း လက်သည်း မကိုက်မိဖို့ အဟန့် ဖြစ်စေပါတယ်။
-လက်ချောင်းတွေကို ပတ်တီး စည်းထားတာကလည်း လက်သည်း မကိုက်မိဖို့ တားဆီး ပေးပါတယ်။
-လက်အိတ်ဝတ်ပါ။
၂။ လက်မစုပ်ခြင်း
ကလေးတွေသာမက တချို့ လူကြီးတွေမှာလည်း လက်မစုပ်တဲ့ အကျင့်လေး ရှိတတ်ပါတယ်။ စိတ်လှုပ်ရှားတဲ့ အခါမှာပဲ ဖြစ်ဖြစ် အိပ်ပျော်နေစဉ်ပဲ ဖြစ်ဖြစ် လက်မ စုပ်မိတတ်ပါတယ်။
-လက်မကို တိပ်ကပ်ထားပါ။
-လက်မကို လက်သည်းနီဆိုးထားပါ။
-ညဘက် အိပ်တဲ့အခါ ခေါင်းအုံးကို ဖက်အိပ်ပါ။
၃။ လူလယ်ခေါင်မှာ နှာခေါင်းနှိုက်ခြင်း
တချို့လူတွေက လူလယ်ခေါင်မှာ အမှတ်မထင် ပြုမူမိတတ်ပါတယ်။ ဒါက တခြား လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသလောက် ထိုအပြုအမူက ရုပ်ဆိုးလှပါတယ်။
-မနက်စောစော မျက်နှာသစ်တိုင်း နှာခေါင်း အတွင်းကို ဆေးကြောသန့်စင်ပါ။
-မှန်ရှေ့မှာ ထိုအပြုအမူကို လုပ်ကြည့်ပြီး လူတွေကြားထဲမှာ ထိုအရာက ဘယ်လောက် ရုပ်ဆိုးကြောင်း သိပါစေ။
-လက်အိတ်ဝတ်ပါ။
၎။ အချိန်ဆွဲခြင်း
ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို အချိန်ဆွဲပြီးမှ လုပ်တာ လူ့သဘာဝပါ။ ဒါပေမယ့် အဲဒီအကျင့်က စိတ်ဖိစီးမှုများပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်စေပါတယ်။ ဥပမာ- စာကျက်တာကို အချိန်ဆွဲပြီး စာမေးပွဲနီးမှ ကျက်ရင် စိတ်ဖိစီးမှု များတတ်သလိုမျိုးပေါ့။
-အလုပ်တွေကို ခွဲလုပ်ပါ။
-အချိန်ဇယားဆွဲပါ။ ဘယ်အချိန် အပြီးလုပ်မယ်ဆိုတာ သတ်မှတ်ပါ။
-ဘာလုပ်စရာတွေ ရှိလဲဆိုတာ ရေးမှတ်ထားပါ။
-အရေးအကြီးဆုံး အရာကို ဦးစားပေး လုပ်ပါ။
-အချိန်တွေကို အကျိုးရှိရှိ အသုံးချပါ။
Credit : messenger
No comments:
Post a Comment