"Facebook ပေါ်မှာ ခင်မင်တွေ့ဆုံကြတယ် ဆိုတာ"
မိန်းကလေးတယောက်က
ယောင်္ကျားလေးတယောက် လာ add အပ်တာကို လက်ခံတာက ခင်မင်မှု့ကို လက်ခံလိုက်ခြင်းသာဖြစ်ပါတယ်။
ရည်းစားစကားပြောခြင်းကို နားထောင်ပေးဖို့ အသုံးချခံဖြစ်ဖို့ မဟုတ်တာကို
နားလည်ပေးဖို့ လိုပါတယ်……
ယောင်္ကျားလေးတယောက်ကို မိန်းကလေးတစ်ယောက်က လာ add အပ်တာက သူမရဲ့ သူငယ်ချင်းဖြစ်လိုတာ မိတ်ဆွေသစ်ရှာလိုတာကို ဖော်ပြတာပါ။
ယောင်္ကျားလေးရဲ့ ရည်းစားဖြစ်ချင် စပ်စလူးထနေလို့
မဟုတ်တာကို နားလည်ပေးဖို့ လိုပါတယ်
မိန်းကလေးတယောက်က ယောင်္ကျားလေးရဲ့ Post တွေ Photo တွေကို Like လုပ်ပေးတာက
အတွေးအမြင်တွေ ဆန်းသစ်မှု့တွေကို အားပေးတာပါ။ သဘောကျပြီး ချစ်ကြိုက်နေတာမဟုတ်ဘူးဆိုတာကို
နားလည်ပေးဖို့ လိုပါတယ်
မိန်းကလေးတယောက်က ယောင်္ကျားလေးကို Tag ပေးတာက အတွေးတွေကို မျှဝေတာပါ။
သဘောထားကို မလေးစားလို့ မဟုတ်တာကို နားလည်ပေးဖို့ လိုပါတယ်။
(အတွေးအခေါ် ဗဟုသုတ တွေကို မျှဝေတဲ့ မိန်းကလေးတွေကို ဆိုလိုတာပါ။
Like လိုချင် ထင်ပေါ်လိုချင်သူတွေကို မဆိုလိုပါ)
မိန်းကလေးတယောက်ကယောင်္ကျား လေးရဲ့ Post တွေ Photo တွေကို comment ပေးတာက သူမအမြင်ကို ဖော်ပြတာပါ။ ယောင်္ကျားလေးကို မြူဆွယ်နေခြင်းမဟုတ်တာကို နားလည်ပေးဖို့ လိုပါတယ်။
facebook ပေါ်မှာ နှမအရွယ်၊ အမအရွယ်၊ အမေအရွယ်၊ အဒေါ်အရွယ်တွေလည်း ရှိနေကြလို့
ရိုင်းစိုင်းမှု့လေးတွေ ထိန်းသိမ်းပေးရင်
Fb ယဉ်ကျေးမှု့ ပိုအားကောင်းလာမှာပါ။
facebook ပေါ်မှာ ကောင်းတာလေးတွေ မျှဝေပေးရင်
သင့် စိတ်တွေလည်း ကြည်နူးနေရမှာပါ
facebook ပေါ်မှာ ရှောင်စရာလေးတွေ
မျှဝေပေးရင်း သင် သိခဲ့တာတွေက
အသုံးဝင်လို့ နေမှာပါ…………………
ငြိမ်းလဲ့
No comments:
Post a Comment