Wednesday, September 2, 2015
"ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခ ရရှိဖို့ ခင်ပွန်းဖြစ်သူကို ကလေးပိုထိန်းခိုင်းဖို့လို"
"ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခ ရရှိဖို့ ခင်ပွန်းဖြစ်သူကို ကလေးပိုထိန်းခိုင်းဖို့လို"
ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးသုခကို ပိုင်ဆိုင်ဖို့အတွက် လျှို့ဝှက်ချက်က ရိုးရိုးလေးသာ ဖြစ်ကြောင်း လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ ကလေးထိန်းမှုတာဝန်ကို ပိုမိုယူပေးရင် ဒါမှမဟုတ် ဇနီးနဲ့ ကလေးထိန်းတာဝန် အညီအမျှ ခွဲယူမယ်ဆိုရင် မိမိတို့ အိမ်ထောင်ရေးအပေါ် ပိုမို စိတ်ကျေနပ်မှု ရရှိပြီး သူတို့ရဲ့ အိမ်ထောင်ရေးသုခ ခံစားမှုဟာလည်း ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အမေရိကန်လူမှုဗေဒ အသင်းအဖွဲ့ နှစ်စဉ်အစည်းအဝေးမှာ အဆိုပါ လေ့လာမှုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ လိင်ကွဲနှစ်ခြိုက်တဲ့ လင်မယားစုံတွဲပေါင်း ၉၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ဇနီးမယားကပဲ ကလေးထိန်းသိမ်း စောင့်ရှောက်မှုတာဝန် အများစု (ဒါမှမဟုတ်) အလုံးစုံကို ယူထားမယ်ဆိုရင် ခင်ပွန်းရော ဇနီးပါ နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်မှာရှိပြီး အိမ်ထောင်ရေးသုခလည်း နည်းပါးတယ်လို့ ဆိုပါတယ်။
ကလေးထိန်းတာဝန်ကို အညီအမျှ၊ ဒါမှမဟုတ် ခင်ပွန်းဖြစ်သူက တာဝန်ပိုယူထားတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးဟာ ညီတူညီမျှကောင်းမွန်ပြီး လိင်ဆက်ဆံမှုအပေါ်လည်း နှစ်ဦးလုံး စိတ်ကျေနပ်မှု ရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယခုလေ့လာမှုဟာ လိင်ကွဲနှစ်ခြိုက်တဲ့ စုံတွဲတွေကိုသာ စစ်တမ်းကောက်ယူထားတာ ဖြစ်ပြီး လိင်တူ စုံတွဲတွေတော့ မပါရှိဘူးလို့ ဆိုပါတယ်။
လေ့လာမှုကို ဦးဆောင်ခဲ့သူ Daniel L. Carlson က ကလေးထိန်း တာဝန် အညီအမျှခွဲဝေယူမှုဟာ ဘာကြောင့် လင်မယားဆက်ဆံရေး ပိုမို ကောင်းမွန်စေပြီး အိမ်ထောင်ရေးသုခ ပိုပြည့်စုံရလဲဆိုတဲ့ အကြောင်းရင်းကို ပိုမိုသိရှိနိုင်အောင် လေ့လာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ye wint
Credit: Trend Myanmar

No comments:
Post a Comment