"နားငြီးသော ယောက်ျားများ - LINE Version"
LINE မှာ ဘာရယ်လို့မဟုတ် သူငယ်ချင်းအဖြစ် လက်ခံလိုက်သော ယောင်္ကျားလေးတွေအကြောင်း ရေးမယ်နော်။
သူ့ကို လက်ခံလိုက်မိပါတယ်။ ယောက်ျားကြီးတန်မဲ့နဲ့ တကယ်စိတ်ညစ်စရာကောင်းပုံကတော့ ဖတ်ကြည်လိုက်ပါတော့။
၁။ စတစ်ကာတွေချည်းပဲ ပို့နေသောသူ
မိန်းကလေးတွေကြိုက်မယ်ထင်ပြီး စတစ်ကာတွေချည်းပဲ ပို့ပြီး သူ့ကို သဘောကျမယ် ထင်နေတဲ့သူတွေ ရှိတယ်။ ကိုယ်ပို့လိုက်တဲ့ စတစ်ကာတွေရဲ့ အဓိပ္ပာယ်ကိုရော သေသေချာချာ နားလည်လို့လား။ ဒီမှာ အလုပ်ရှုပ်နေလား။ ဘာဖြစ်နေသလဲဆိုတာကို နည်းနည်းလေးမှ မစဉ်းစားနိုင်သူတွေကို ကြုံဖူးပါတယ်။ စတစ်ကာကို စနစ်တကျသုံးရင်တော့ ချစ်စရာကောင်းပင်မဲ့လည်း လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို တွေးပြီး ပို့နေလို့ကတော့ မိန်းကလေးတွေက မုန်းသွားမယ်ဆိုတာကို သတိထားနော်။
၂။ "Read" ဖြစ်သွားပြီဆိုရင် ချက်ချင်း Msg ပြန်ပို့စေချင်သောသူ
"Read" ဖတ်ပြီးသွားပြီဆိုတာနဲ့ သူ့အတွက် အဖြေ၊ အကြောင်းပြန်စေချင်တဲ့သူတွေ ရှိတယ်နော်။ ကိုယ့်အကြောင်းပဲ စဉ်းစားတဲ့သူတွေပေါ့။ ပြန်မပို့ရင် အမျိုးမျိုး Msg တွေဆက်ပို့ပြီး နှိပ်စက်တယ်။ ဒီဘက်က အခြေအနေကိုလည်း နားလည်ပေးစေလိုပါတယ်။ အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိတယ်လေ။
၃။ လိုရင်းအကြောင်းကို မပြောသောသူ
ဘာလုပ်ချင်သလဲဆိုတာကို မသိ၊ အားလား၊ အခုဘယ်မှာလဲ စသည်ဖြင့် လိုရင်းအကြောင်းကို မပြောပဲ မေးခွန်းတွေပဲထုတ်နေတတ်သူကို မုန်းတယ်။ အကယ်လို့ အားတယ်လို့ပြောလိုက်ရင် ဘယ်သွားရအောင်ဆိုပြီး ပြောလာရင်တော့ ပြန်ငြင်းဖို့ ခက်ပြီပေါ့။ ဒါကြောင့် လိုရင်းအကြောင်းကို သေသေချာချာ ပြောသင့်တယ်လို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် စာနာထောက်ထားကြပါရန်။
Credit: ChelmoTeam
No comments:
Post a Comment