Thursday, September 3, 2015
"သူ့ကို မမေးသင့်သော မေးခွန်းများ"
"သူ့ကို မမေးသင့်သော မေးခွန်းများ"
မိန်းကလေးတွေအတွက် ကိုယ့်ချစ်သူအကြောင်းကို အားလုံးထက်ပိုပြီး သိချင်တယ်ဆိုရင်လည်း မမှားပါ။ ရည်းစားရှိပြီးသူကော၊ မရှိသေးတဲ့သူကော အားလုံး ဖတ်ကြည့်နော်။
၁။ ညီမကို ကြိုက်တယ်နော်။
သူက ကိုယ့်ကို ချစ်တယ် ကြိုက်တယ်လို့ မပြောဘူးဆိုတာ မချစ်ဘူးလို့ထင်နေသလား။ အဲဒီလို ခဏခဏမေးနေပြန်တော့လည်း သူက တမျိုးထင်လာပါလိမ့်မယ်။ ဒီစကားမျိုးဟာ ပြောသင့်တဲ့အချိန်မှာ ပြောကြတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
၂။ အတူတူနေရတာ ပျော်လားဟင်။
သူနဲ့ အတူတူရှိနေချိန်မှာ သူ့ရဲ့မျက်နှာလေးကို ကြည့်ပြီး စိတ်ချမ်းသာပုံပေါ်နေပြီဆိုရင်တော့ ကိုယ်လည်း စိတ်ချမ်းသာတာပေါ့။ သက်သက် မေးနေစရာမလိုပါ။
၃။ ညီမ အကြောင်းကို အားလုံးနားလည်ရဲ့လား။
ငယ်ငယ်တုန်းကတော့ လိုချင်တက်မက်မှုတွေနဲ့ အတွေ့အကြုံတွေ အများကြီးကြောင့် ဒါတွေက ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးနေပြီလို့ ထင်ရပါတယ်။ တဖက်သားကို ယုံကြည်မှုရှိတာ အကောင်းဆုံးပါ။ ယုံကြည်မှုနဲ့ အားလုံးကို ကျော်ဖြတ်နိုင်မှာပါ။
၎။ ညီမတို့ ရှေ့ရေးကို စဉ်းစားထားပြီလား။
ချစ်သူတွေဖြစ်နေပြီဆိုရင်တော့ ဘဝတစ်လျှောက် အတူတူနေနိုင်ဖို့ရန် သူက ကြိုတင်ပြီး စဉ်းစားနေပြီဆိုတာ မမှားပါ။ အားရက်တွေမှာတောင် ကိုယ်သွားချင်တဲ့နေရာတွေကို ရောက်အောင် အမြဲစီစဉ်နေပြီ ဆိုရင်တော့ သူက ကိုယ်နဲ့အတူ လက်တွဲချင်တယ်လို့ စဉ်းစားနေလို့ပါ။
၅။ ညီမရဲ့အတိတ်က အကြောင်းတွေကို သိလား။
ဘယ်သူပဲမဆို အတိတ်မှာ အမှားတွေကို အနည်းနဲ့အများ လုပ်ခဲ့ကြမှာ အမှန်ပါ။ ဒါတွေက ရှေ့ဆက်လျှောက်ဖို့ရန်အတွက် လိုအပ်ချက်တွေ မဟုတ်ပါ။ အတိတ်က အမှားတွေကို ပြင်ပြီး အနာဂတ်အတွက် ကြိုတင် ပြင်ဆင်နိုင်ဖို့သာလျှင် အရေးကြီးဆုံးဖြစ်မှာပါ။
၆။ ဘဝလက်တွဲဖော်အဖြစ် စဉ်းစားပေးနေလား။
ကိုယ့်ကို ချစ်တဲ့သူနဲ့ တွေ့ခဲ့ပြီဆိုရင် သူ့ကို ချက်ချင်းဆိုသလို ဘဝလက်တွဲဖော်အဖြစ် စဉ်းစားနေလားလို့ မမေးသင့်ပါ။ နှစ်ယောက်အတူရှိနေချိန်မှာ သူ့ရဲ့စိတ်ထဲမှာ ရှိနေတဲ့အကြောင်းကို ရင်ထဲမှာပဲ ထားနိုင်ပါစေ။
၇။ ညီမရဲ့ အားနည်းချက်တွေက ဘာလဲ။
သူ့ကို မေးတာထက်စာရင် ကိုယ့်တိုင် ပြန်လည် သုံးသပ်သင့်ပါတယ်။ သူကတော့ ကိုယ့်ကို ချစ်ရင် အားနည်းချက်လေးတွေကို ပြင်ပေးသွားမှာပါ။
၈။ ညီမက နံပါတ် ၁ နော်။
သူ့မှာ အရင်တုန်းက ရည်စားတွေ ရှိကောင်းရှိမယ်။ ဒါပင်မဲ့လည်း ဒီအကြောင်းတွေကို သိတဲ့သူအနေနဲ့ အခြားသူတွေနဲ့ တိုင်းစရာ မလိုပါ။
၉။ ညီမက လှတယ်မဟုတ်လား။
ကိုယ့်ရဲ့အလှကို အားနည်းချက်တစ်ခုအနေနဲ့ ခံစားနေရတယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ နေသင့်ပါတယ်။ ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် ဒါတွေက သဘာဝ အလှတရားလို့ ခံယူလိုက်ပါ။
Credit: ChelmoTeam
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment