Thursday, September 3, 2015

"ထိုင်းနိုင်ငံမှာ ခေတ်စားနေတဲ့ ကလေးဘုရား အရုပ်ကလေးများ"



"ထိုင်းနိုင်ငံမှာ ခေတ်စားနေတဲ့ ကလေးဘုရား အရုပ်ကလေးများ"

Annabelle, Chucky စတဲ့ သရဲကားထဲက အရုပ်တွေဟာ တကယ်ကို ကြောက်စရာကောင်းပြီး သူ ရှိနေတဲ့ အိမ်က မိသားစုဝင်အားလုံးကို ဒုက္ခပေးနိုင်တဲ့ ကျိန်စာသင့် အသက်ဝင် အရုပ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအရုပ်မျိုးတွေဟာ အပြင်မှာ တကယ်ရှိတယ်လို့လည်း မှတ်တမ်းမှတ်ရာတွေက ဖော်ပြနေကြပါတယ်။

ထိုင်းနိုင်ငံမှာ အခုတလော အရောင်းသွက်နေပြီး ခေတ်စားနေတဲ့ Look thep (Child God) အရုပ်ကလေးတွေကတော့ ကလေးအတွက် အဖော်ဖြစ်စေဖို့ အစီအရင်တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ကံကောင်းမှုတွေ ယူဆောင်ပေးမယ့် လာဘ်ကောင်အရုပ်လေးအဖြစ် သတ်မှတ်နေကြပါတယ်။ ဒီအရုပ်ကလေးတွေကို ရှေးဟောင်း ကူမန်သောင်အစဉ်အလာတိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သေဆုံးသွားတဲ့ သန္ဓေသားလောင်းကို ကိုးကွယ်တဲ့ ယုံကြည်မှုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီအရုပ်တွေကို ကလေးတွေအတွက်သာမကပဲ လူကြီးတွေအတွက်ပါ ကံကောင်းစေတဲ့ အဆောင်အယောင် တစ်ခုအဖြစ် လူတွေက ယုံကြည်နေကြပါတယ်။ “ဒီအရုပ်ကို ကလေးတွေအတွက် အ၀တ်တွေရောင်းတဲ့ အခန်းထဲမှာ ကျွန်တော် စတွေ့ခဲ့ပါတယ်။ အဲဒီအရုပ်အတွက် အ၀တ်အစားဝယ်ပေးပြီး မကြာခင်မှာပဲ ကျွန်တော့်ကို အရင်က ငြင်းပယ်ခဲ့တဲ့ အလုပ်ရှင်က ပြန်ဆက်သွယ်လာခဲ့ပါတယ်” လို့ 94 FM မှာ အလုပ်လုပ်နေတဲ့ ထိုင်းဒီဂျေသမား ဘွတ်ကော့သန်နက်ချရာပန်က ပြောပါတယ်။ ချရာပန်ဟာ ၀ိုင်ဆန်လို့ နာမည်ပေးတဲ့ ဒီအရုပ်ကလေးကို သူသာ ဒီထက်ပိုကောင်းတဲ့ အလုပ်တစ်ခု ရခဲ့မယ်ဆိုရင် ရွှေဆွဲကြိုး ၀ယ်ပေးမယ်လို့ ထပ်ကတိပေးခဲ့ရာမှာလည်း ရုပ်ရှင်ကားတစ်ခုမှာ အသံပိုင်းသရုပ်ဆောင်အဖြစ် ကူညီပေးဖို့ ကမ်းလှမ်းမှုကို ထပ်မံလက်ခံရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ခေတ်စားနေတဲ့ ကလေးဘုရားအရုပ်ကလေးတွေကို မဲနင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဖန်တီးခဲ့တာဖြစ်ပြီး ဆိုဆုံးမရခက်တဲ့ သူ့သားကို ထိန်းချုပ်ဖို့ဆိုတဲ့ စိတ်ကူးကနေ ဒီလိုအရုပ်ကလေးတွေ ဖန်တီးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ မိုင်းနိုင်က အရုပ်ကလေးတွေ ဖန်တီးရာမှာ ဟိန္ဒူနတ်ဘုရားမ ပါဗာတီကို ကိုးကွယ်တဲ့ အစီအရင်တွေနဲ့ ပူးပေါင်းဖန်တီးထားပြီး အရုပ်ကလေးတွေကို ၀ိညာဉ်သွင်းပြီး နာမည်ပေးလိုက်တာနဲ့ ဒီအရုပ်ဟာ အသက်ဝင်သွားပြီလို့ ဆိုပါတယ်။ ထိုင်းမှာ ဈေးကွက်ဝင်နေပြီဖြစ်တဲ့ ဒီအရုပ်ကလေးတွေ တကယ်စွမ်း၊ မစွမ်း သေချာမပြောနိုင်ပေမယ့် အသက် ၃ နှစ်အောက်အရွယ် ဒီအရုပ်ကလေးတွေကို ၀ယ်သူ စိတ်ကြိုက်ဖြစ်အောင် ၀ိညာဉ်ထပ်သွင်းပေးရတာမျိုးတွေတောင် ရှိတယ်လို့ မဲနင်က ပြောပါတယ်။

Ref – Coconuts TV

Credit: Planet

No comments:

Post a Comment