Thursday, September 3, 2015

"ချစ်သူစုံတွဲတွေ အိမ်ထောင်ကျပြီးနောက် ဘာကြောင့် အလေးချိန်ပိုတက်လာကြသလဲ"


"ချစ်သူစုံတွဲတွေ အိမ်ထောင်ကျပြီးနောက် ဘာကြောင့် အလေးချိန်ပိုတက်လာကြသလဲ"

ဇနီးမောင်နှံအများစုဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း ကိုယ်အလေးချိန် ၄ ပေါင်ခွဲစီလောက် ထပ်တက်ကြတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။ အိမ်ထောင်ပြုတာ တစ်ကိုယ်ရေတကာယ နေထိုင်တာထက် ပိုမိုကောင်းမွန်ကြောင်း အရင်တုန်းက ယူဆခဲ့ပါတယ်။

သို့သော် ကိုယ်လေးချိန်ညွန်းကိန်းမှာ အိမ်ထောင်ကျပြီးတဲ့နောက် အမျိုးသားတွေအနေနဲ့ ၂၆.၃ နဲ့ အမျိုးသမီးတွေမှာ ၂၅.၆ ရှိကြောင်း လေ့လာမှုအသစ်မှ တွေ့ရှိခဲ့ပါတယ်။ ပုံမှန်အနေအထားက ၁၈.၅ နဲ့ ၂၅ ကြား ဖြစ်ပါတယ်။

ယင်းလေ့လာမှုကို Berlin’s Max Planck Institute မှ ဗြိတိန် အပါအဝင် ဥရောပတခွင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယင်းသုတေသနအကြီးအကဲ ပါမောက္ခ Ralph Hertwig က ကျွန်တော်တို့လေ့လာမှုမှ အိမ်ထောင်ပြုခြင်းနဲ့ အမူအကျင့်ပြောင်းလဲမှုတွေဟာ အာဟာရနဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ပြုပြီးတဲ့ ချစ်သူစုံတွဲတွေဟာ အိမ်ထောင်မရှိသူတွေထက် အစားပိုစားကြပြီး အားကစားနဲ့ လေ့ကျင့်ခန်းလုပ်တာ နည်းလာကြတယ်။ ဒါ့ကြောင့် အိမ်ထောင်သည်တွေဟာ ကျန်းမာရေးမှာ ပိုမိုချို့တဲ့ကြကြောင်း ယင်းလေ့လာတွေ့ရှိချက်များမှာ ဖော်ပြထားပါတယ်။

Ref: standardmedia

Credit: Trend Myanmar

No comments:

Post a Comment