Thursday, September 3, 2015

"ကိုယ်လက်နှီးနှောခြင်းက ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ နှလုံးရောဂါ၊ အအေးမိ၊ အိုမင်းခြင်းနဲ့ ရောဂါအများအပြားကို တိုက်ဖျက်ပေးနိုင်"


စိတ်ဖိစီးမှုတွေများနေတာ၊ အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတာ၊ ခါးက ပြန်နာနေပြန်ပြီလား။ နေလို့ထိုင်လို့ မကောင်းဖြစ်နေရင်တော့ လိင်ဆက်ဆံမှုပြုတာဟာ ဒီရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၁။ အအေးမိခြင်း

လိင်ဆက်ဆံခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ချောင်းဆိုးနာ၊ အအေးမိနဲ့ တခြား အဖျားရောဂါတွေကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။ လိင်ဆက်ဆံမှုက ဗိုင်းရပ်စ်ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးတဲ့ဓာတ် immunoglobulin A (IgA) ကို တိုးပွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆက်ဆံတဲ့လူတွေဟာ မဆက်ဆံသူတွေထက် IgA ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

၂။ စိတ်ဖိစီးမှု

ထိတွေ့ခြင်း၊ နမ်းခြင်းနဲ့ ပွေ့ဖက်ခြင်းတို့ဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်း cortisol ပမာဏကို ကျစေပြီး oxytocin လို ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေကို မြှင့်တင်ပေးပါတယ်။

၃။ အကိုက်အခဲဆေးအနေနဲ့လည်း အသုံးချနိုင်တယ်

ခါးနာမှု၊ ခေါင်းကိုက်နာ၊ အဆစ်ရောင်နာ စတဲ့ နာကျင်မှုတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့စွမ်းရည်ကို တစ်ဝက်တိတိ လျှော့ချပေးပါတယ်။ ခန္ဓာကိုယ်အတွင်းက နာကျင်မှုကို တိုက်ဖျက်ပေးတဲ့ endorphin ဟော်မုန်းပမာဏကို မိနစ်ပိုင်းအတွင်း သုံးဆ မြှင့်တင်ပေးပြီး အကိုက်အခဲ ပျောက်ဆေးတွေထက်တောင် ပိုထိရောက်ပါတယ်။

၎။ အိုမင်းမှု

Botox ထိုးတာတွေကို မေ့လိုက်ပါ။ တစ်ပတ်ကို အနည်းဆုံး လေးကြိမ် ကိုယ်လက်နှီးနှော ဆက်ဆံတာက သင့်ကို ၁၀ နှစ် ပိုနုပျိုစေတယ်လို့ Royal Edinburgh University က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လိင်ဆက်ဆံမှုက Adrenaline ၊ Dopamine နဲ့ Norepinephrine ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အဆိုပါဟော်မုန်းတွေက အရေပြားဆဲလ်တွေကို ထိန်းသိမ်းပေးကာ ကြွက်သားတွေကို ဖြေလျှော့ပေးပြီး အရေးအကြောင်းတွေကို တားဆီး ကာကွယ်ပေးပါတယ်။

၅။ နှလုံးကျန်းမာရေး

တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် ဆက်ဆံမှုပြုတဲ့ အမျိုးသားတွေမှာ အသက်အန္တရာယ်ကို အဓိက ခြိမ်းခြောက်မှုပြုနိုင်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း နည်းပါးပါတယ်။ ပုံမှန် လိင်ဆက်ဆံမှု ပြုခြင်းက သွေးပေါင်ချိန်ကို လျော့ကျစေပြီး လေသင်တုန်းနဲ့ နှလုံးဖောက်မှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးပါတယ်။

၆။ ကင်ဆာ

အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဖြစ်တတ်တဲ့ ရင်သားကင်ဆာကို လိင်ဆက်ဆံမှုက ကာကွယ် တားဆီးပေးနိုင်ပါတယ်။ တစ်လကို တစ်ကြိမ်လောက်ပဲ လိင်ဆက်ဆံမှုပြုတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားကြောင်း ပြင်သစ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာကိုပါ ကာကွယ်ပေးပြီး တစ်လကို သုတ်လွှတ်မှု ပျှမ်းမျှ ၂၁ ကြိမ် ရှိတဲ့ ယောက်ျားတွေမှာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း နည်းပါးပါတယ်။

လိင်ဆက်ဆံမှုဆိုတာ သဘာဝကပေးထားတဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လိင်ဆက်ဆံမှုမျိုးက ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တွေကို မှန်ကန်ကောင်းမွန်စေပါတယ်။

Ref: Mirror

ye wint

Credit: Trend Myanmar

No comments:

Post a Comment