Friday, September 4, 2015

"ဝနေတယ်လို့စဉ်းစားရင် တကယ်ဝလာသတဲ့"


"ဝနေတယ်လို့စဉ်းစားရင် တကယ်ဝလာသတဲ့"

ကိုယ့်ကိုယ်ကိုယ် ဝနေပြီလို့ တွေးမိတာနဲ့တစ်ပြိုင်နက် အလွယ်စာတွေအစားများတာနဲ့ လေ့ကျင့်ခန်း မလုပ်မိတဲ့အကြောင်းတွေကို အလိုအလျောက် အပြစ်ဖို့မိတတ်ပါတယ်။ သို့သော်လည်းပဲ သုတေသနပြုချက် အသစ်တစ်ခုမှာဆိုထားတာက ဝလာခြင်းရဲ့ ရိုးရှင်းတဲ့အကြောင်းရင်းကတော့ ကိုယ်အလေးချိန်တက်နေပြီ ဆိုတဲ့ ကိုယ့်အတွေး အထင်ကြောင့်သာဖြစ်တယ်လို့ သိရပါတယ်။

အသက် (၂၃) နှစ်နဲ့ (၄၅) နှစ်ကြား လူပေါင်း ၁၄,၀၀၀ လောက်ကို လေ့လာခဲ့ရာမှာ အမျိုးသမီးတွေဟာ အပြင်မှာ တကယ်တမ်းမဝပေမယ့် စိတ်ထဲမှာ ဝတယ်လို့ ထင်ရာကစပြီး တဖြည်းဖြည်း ကိုယ်အလေးချိန်တွေ တက်လာတာကို တွေ့ရှိခဲ့ပါတယ်။

ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ မစဉ်းစားခင်က စားချင်တဲ့အစားအစာကို ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပဲ စားတာကို ပုံမှန်လုပ်လေ့ရှိကြပေမယ့် တခြားသူတွေနဲ့ယှဉ်ပြီး ဝနေတယ်လို့ ခံစားလာတဲ့အခါ ဝိတ်ကျဖို့ အရေးတွေ တွေးလာပါတော့တယ်။ အဲဒီကစလို့ အစားအသောက် စားနည်းတွေ၊ ဝိတ်ချနည်းတွေကို ပိုအလေးထားလာကာ စိတ်ဖိစီးမှုတွေ ဖြစ်လာရာကနေ အစားပိုစားလာအောင်လုပ်သလို ဖြစ်လာပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ဝမလာချင်ဘူးဆိုရင်တော့ အခုကစလို့ ဝနေပြီဆိုတဲ့ အတွေးကိုဖျောက်ပြီး စိတ်ချမ်းသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားဖို့လိုပါတယ်။ စိတ်ထဲရှင်းသွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်က သူ့အလိုအလျောက်အတိုင်း မှန်ကန်စွာ စားသောက်နေထိုင်ဖို့ အခြေအနေတွေကို ပြောင်းလဲပေးသွားမှာပါ။                                      

Ref: healthmeup

Credit: 7day daily

No comments:

Post a Comment