Friday, October 2, 2015

"ကိုယ်စိတ်မ၀င်စားတဲ့သူကို ပညာရှိနည်း (၂) နည်းနဲ့ ခုလို ငြင်းပစ်နိုင်"


"ကိုယ်စိတ်မ၀င်စားတဲ့သူကို ပညာရှိနည်း (၂) နည်းနဲ့ ခုလို ငြင်းပစ်နိုင်"
  
ကိုယ်ရဲ့အသိ၊ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကို စိတ်ဝင်စားနေတာ သိနေပြီလား။ ကိုယ်က သူ့ကို မကြိုက်တာကြောင့် သူ ဖွင့်ပြောလာတဲ့အခါ ဘယ်လိုငြင်းရမလဲ ကြိုတွေးပြီး ခေါင်းရှုပ်နေရပြီလား။ တစ်ခါတစ်လေ ကိုယ့်အသက်အရွယ်၊ အနေအထားတွေကြောင့် ဆယ်ကျော်သက် ဘ၀တုန်းကလို နင့်ကိုငါ စိတ်မ၀င်စားဘူး၊ ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့လို့ ပြောလို့မရတဲ့ အနေအထားတွေ အများကြီး ရှိလာပါတယ်။ သင့်မှာ ချစ်သူရည်းစား ရှိပြီးသားဆို ကိစ္စမရှိပေမယ့် မရှိသေးဘူးဆိုရင်တော့ သင် ငြင်းတဲ့အခါ တစ်ချို့အချက်ကလေးတွေကို ထည့်စဉ်းစားပြီး မိတ်လည်းမပျက်အောင် ဘယ်လိုငြင်းရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

လူတစ်ယောက် ကိုယ့်ကို ချစ်လို့ စိတ်ဝင်စားလို့ ချဉ်းကပ်နည်းမျိုးစုံ ရှိပါတယ်။ ဒါပေမယ့် သင့်ဘက်က ပြန်ပြုမူရမှာက သင် ဘာပြောသလဲဆိုတာနဲ့ မသက်ဆိုင်ပဲ။ သင် ဘယ်လိုပြောသလဲဆိုတဲ့အပေါ် မူတည်သွားပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင် ပြန်လည် ဆန်းစစ်ရမယ့် အချက်ကလေးတွေလည်း ရှိနေပြန်ပါတယ်။ အဲ့ဒီတော့ သင် ဒီလို အပြုအမူ အမှားမျိုးတွေ လုပ်ဖူးသလားဆိုတာ အရင်တွေးပါ။

-သင်ဟာ သူနဲ့နီးနီးစပ်စပ် ရှိခဲ့ဖူးတယ်။ ဆိုလိုတာက အတူလျှောက်လည်ဖူးတယ်။ အချိန်ဖြုန်းဖူးတယ်။ တခြားသူငယ်ချင်းတွေလည်း ပါရင်ပါတယ်။ ဒါမှမဟုတ် သင်တို့နှစ်ယောက်တည်းလည်း ဖြစ်ချင်ဖြစ်မယ်။

-သူပိုတဲ့ sms တွေတိုင်း သင်အမြဲတမ်း ပြန်ဖြေ ပြန်ပို့တတ်တယ်။

-သူတို့ သင့်အတွက် လုပ်ဆောင်ပေးတဲ့အရာတွေကို သာယာမိတယ်။ ကျေနပ်နေခဲ့မိတယ်။

-သူတို့စိတ်ထဲ သူတို့ကို သင်စိတ်ဝင်စားနေတယ်လို့ ထင်မြင်ယူဆလာလောက်အောင် သင် သူတို့ကို တကယ်စိတ်မပါပဲ အီလိုက်မိတယ်။

သင်ဟာ အပေါ်ကအချက်တွေအတိုင်း အပြုအမူမှားတွေကို လုပ်ဆောင်ထားမိတယ်ဆိုရင် သူတို့ကို ငြင်းတဲ့အခါ ပိတ်ပြောလို့ မရတော့ပါဘူး။ ဒါပေမယ့် ညီညီမျှမျှလေးနဲ့ ခိုင်မာစွာ ငြင်းဆိုရဖို့တော့ ကြိုးစားရပါလိမ့်မယ်။ ဒီတော့

၁။သင့်သူငယ်ချင်း၊ ခင်မင်လွန်းရတဲ့ မိတ်ဆွေက သင့်ကို ချစ်ခွင့်ပန်လာပြီဆိုရင် သင်ပြောရမှာက

တကယ်တမ်း စဉ်းစားကြည့်ရင် ငါတို့နှစ်ယောက်ကြားမှာ အနာဂတ်မရှိပါဘူး။ နင်ငါ့ကို လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ငါတကယ်လေးစားပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဆင့်တက်ဖို့ရာတော့ မလွယ်ကူဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ငါနင့်ကို သူငယ်ချင်း၊ မိတ်ဆွေအဆင့်က မပိုနိုင်လို့ပဲ။ နင်သာ ငါ့ကို ခုလိုပြောလိုက်လို့ သူငယ်ချင်းလို မခင်မင်ချင်တော့ဘူးဆိုရင်လည်း ငါနားလည်ပေးပါတယ်။ ငါလိမ်ညာပြီး နေရတာထက် ခုလို ရိုးရိုးသားသားပြောလိုက်ရတာကို ပိုနှစ်သက်တယ်။ နင်နားလည်ပေးနိုင်မှာပါ။

၂။တခြားအသိုင်းအ၀ိုင်းတစ်ခု၊ သင်နဲ့ အသက်အရွယ်လည်းမတူ၊ တူရင်တောင် လှုပ်ရှားလုပ်ကိုင်နေတဲ့ အသိုင်းအ၀ိုင်း မတူတဲ့သူဆိုရင် သင်ပြောရမှာက

တကယ်တော့ နင်က တကယ့်လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့် ငါတို့လိုက်ဖက်တယ်လို့ ငါမခံစားရဘူး။ ငါတို့မှာ မတူညီတဲ့ ပန်းတိုင်၊ အိပ်မက်၊ ယုံကြည်ချက်တွေ တန်ဖိုးတွေနဲ့ပါ။ ကိုယ့်ပုံစံအတိုင်း လိုက်ပြောင်းပေးပါလို့လည်း ငါမတောင်းဆိုချင်ဘူး။ ဒါ ရေရှည်အတွက် မကောင်းဘူး။ နင့်ပုံစံအတိုင်းလည်း ငါ မပြောင်းလဲနိုင်ပြန်ဘူး။  ဒီတော့ ငါ့ကို အချိန်ပေးမယ့်အစား နင်နဲ့လိုက်ဖက်မယ့် အခြားတစ်ယောက်ကိုသာ ရွေးချယ်လိုက်တာ ပိုကောင်းပါတယ်။ နင်ဟာ ငါ ခုလို ဆုံးဖြတ်တာကို တန်ဖိုးထားလေးစားမယ်လို့ ငါယုံတယ်၊ မျှော်လင့်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ တစ်ဖက်လူလည်း နားလည်သွားမှာဖြစ်ပြီး သင့်ဘက်က မျှတစွာပြောဆိုသွားတဲ့အတွက် သူလည်း နေရခက်၊ အရှက်ရသွားတာမျိုး မဖြစ်တော့ဘူးပေါ့။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment