Friday, October 2, 2015

"လူတိုင်းနည်းပါး သိသင့်တဲ့ အရာလေးတွေပါ"


"လူတိုင်းနည်းပါး သိသင့်တဲ့ အရာလေးတွေပါ"

မင်္ဂလာဆောင်လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုတယ်ဆိုတာ
အခေါ်ဝေါ်လေးတွေက တိုတောက်ပေမယ့် အဓိပ္ပါယ်လေးတွေကတော့ . . .နက်ရှိုင်းပါတယ် !
မင်္ဂလာဆိုတာ ပျော်ရွှင်တာ သာယာချမ်းမြေ့မှုလေးတွေကို သယ်ယူ စုဆောင်းကြတာပါ။

မင်္ဂလာဆောင်ကြပြီဆိုရင် တစ်ဦးနဲ့တစ်ဦး စစ်မှန်တဲ့ပျော်ရွှင်မှုလေးတွေ အပြန်လှန်
သယ်ယူစုဆောင်းနိုင်ကြဖို့လည်း လိုအပ်ပါတယ်။

လက်ထပ်တယ်ဆိုတာ !
ဘာအကြောင်းကြောင်းနဲ့မှ တစ်ယောက်လက်တွဲ တစ်ယောက်မဖြုတ်ကြေး ကတိပြုကြတာ။ သစ္စာထားကြတာပါ။ တစ်သက်တာအတွက် ကတိသစ္စာ မတည်မြဲနိုင်ဘူးဆိုရင် တစ်ပါးသူကို လက်ထပ်ရယူဖို့အတွက်လည်း မစဉ်းစားမိပါစေနဲ့ . . .

ထိမ်းမြားတယ်ဆိုတာ !
မိန်းကလေးတွေဘက်က ကိုယ့်လင်ယောက်ျား ရှာဖွေထားသော ပစ္စည်းဥစ္စာတို့ကို နေရာလိုက် ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်သုံးစွဲတတ်ဖို့နဲ့ ယောက်ျားတွေဘက်ကလည်း များတာကနေ များတာထက်များပြားလာအောင် လုပ်ကိုင်ရှာဖွေ စုဆောင်းအပ်နှံပေးတတ်ဖို့ လိုအပ်ပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာ !
အိမ်ကြီးကို ထောင်လုပ်ပြစ်လိုက်တာ မဟုတ်ပါ။ ကိုယ့်ဘိုးကိုယ့်ဘွား၊ ကိုယ့်မိဘ၊ ကိုယ့်အသိုင်းဝိုင်းတွေ ကြားကနေ
ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲခွာပြီး အနာဂတ်မှာ . .
သားသားမီးမီးလေးတွေနဲ့ အများသူငါ အားကျစရာ
ကောင်းလောက်တဲ့ မိသားစုဘဝလေးတခုဖြစ်အောင် ဖန်တီးယူတာပါ

သတိ . ! !
ဘဝအချို့ကွေ့မှာ အခက်ခဲပေါင်းများစွာနဲ့
ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ် ။
အဲဒီအချိန်တွေမှာ !!
၁။ သူများတွေမပေးနိုင်လောက်တဲ့ နားလည်မှုမျိုး
တစ်ယောက်ကိုတစ်ယောက် အပြန်လှန်ပေးကြဖို့
မမေ့ပါစေနဲ့ . .
၂။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြဖို့
မမေ့ပါစေနဲ့ . .
၃။ တစ်ယောက်ချော်လဲရင် တစ်ယောက်
ဖေးမထူပေးဖို့ မမေ့ပါစေနဲ့ . .
၎။ တစ်ယောက်လက်တစ်ယောက် ခိုင်ခိုင်မြဲမြဲ တွဲထားဖို့ မမေ့ပါစေနဲ့ . . .
၅ ။ တစ်ယောက်အားငယ်ဝမ်းနည်းနေရင်
ကျန်တစ်ယောက်က အားပေးနှစ်သိမ့်ပေးဖို့
မမေ့ပါစေနဲ့ . . .
၆။ ဘာအကြောင်းကြောင်းနဲ့မှ တစ်ယောက်ပေါ်တစ်ယောက် အပြုံးမပျက်ကြဖို့ မမေ့ပါစေနဲ့ . . .
၇။ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ အခက်ခဲတွေနဲ့
တွေ့ကြုံရင်ဆိုင်လာရပါစေ နှစ်ယောက်အတူ
ကြိတ်မှိတ်ရင်ဆိုင် ဖြေရှင်းကြဖို့ မမေ့ပါစေနဲ့ . .

Credit: ဗလာ စာအုပ် ( ဝိရနေ )

No comments:

Post a Comment