
Lutaw Lupyaw
"လိုတာရ၍ ရတာလိုပါစေ"
“ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ ခေါ်တယ်။ ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ ခေါ်တယ်”
လောကမှာ လူတိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်နိုင်ကြဘူး။ လူတိုင်းကိုယ်စီ ငြီးငြူနေကြတယ်။ အဓိက စီးပွားရေး၊ စားဝတ်နေရေး ကိစ္စကြောင့် မပျော်နိုင်ကြဘူး။ ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ပြန်ဘူး။ သိန်းပေါင်းများစွာ ချမ်းသာတဲ့ ကျွန်တော့်သူဌေးက သန်းပေါင်းများစွာ ချမ်းသာနေတဲ့ သူတစ်ယောက်ကို ကြည့်ပြီး ပြောတယ်။ “သူ့လောက်သာ ချမ်းသာနေရင် ငါတော့ ဘာမှမလုပ်တော့ဘူး။ အေးအေးဆေးဆေးပဲ နေတော့မယ်” တဲ့။ ကျွန်တော်လည်း ပြန်ပြောမိတယ်။ “သူဌေးလောက် ချမ်းသာနေရင် ကျွန်တော်လည်း ဘာမှမလုပ်တော့ဘူး အေးဆေးပဲ နေတော့မယ်” လို့။
“ရောင့်ရဲတင်းတိမ်းနိုင်မှု” ဆိုတာ ဘာလို့ လူတိုင်းမှာ ရှိမနေပဲ “လောဘ” ဆိုတာကြီးက လွှမ်းမိုးထာတာလဲ။ အဲဒီလို လောဘရဲ့နောက်ကို လိုက်ရင်း အခက်အခဲတွေနဲ့ တွေ့ကြုံရပြန်တယ်။ “ပြဿနာ အခက်အခဲကို အကြောင်းပြုပြီး လူတစ်ချို့က ဦးကျိုးကျတယ်။ တချို့ကတော့ စံချိန်တွေပါ ချိုးပြတယ်”။ အောင်မြင်မှုဆိုတာ လူတိုင်းအတွက် မဟုတ်ပြန်တော့ ကျရှုံးရသူတွေက စိတ်ညစ်ရပြန်တယ်။ ဘာကြောင့် ရှုံးနိမ့်ရတာလည်းဆိုတော့ “ကိုယ်လိုချင်တာ ဘာမှန်းမသိတဲ့ လူဟာ ကိုယ်မသွားချင်တဲ့ နေရာအရောက်မှာ ရှေ့မဆက်တော့ဘဲ ရပ်ပစ်လိုက်တတ်တယ်”။ အဲဒါကြောင့် ရည်ရွယ်ချက်ကို တိတိကျကျ ထားပါ။ ရည်မှန်းချက် ခိုင်မာအောင် ကြိုးစားပါ။ “ကိုယ့်မှာ တောင့်တစရာဆိုလို့ ဆန္ဒတစ်ခုတည်းသာ ရှိမယ်ဆိုရင်လေ အဲဒီဆန္ဒကို ထုတ်ဖော်ဖို့ ဖြစ်နိုင်ပါစေ”။ ရည်ရွယ်ချက်ရှိတယ်၊ ရည်မှန်းချက် ခိုင်မာပြီဆိုရင်တော့ ယုံကြည့်မှုနဲ့ ရှေ့သို့ဆက်ပါ။ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်”။ အကယ်၍ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်၊ ကိုယ်နားမလည်တဲ့ အလုပ်မျိုး ဖြစ်နေတယ်ဆိုရင်တော့ “နားလည်ချစ်စိတ် ပြင်းပြဖို့က ပထမ၊ နားလည်အောင် လုပ်ဖို့က ဒုတိယ” ဆိုတဲ့အတိုင်း ကြိုးစားပါ။ “ဘာပဲလုပ်လုပ် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ပါ။ အလေးအနက် ထားတတ်ရင် ပျော်မွေ့စရာ ကောင်းပါတယ်”။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တစ်စုံတစ်ခုကို ပိုင်ဆိုင်နိုင်ပြီဆိုရင်တော့
“ကိုယ်လိုချင်တာကိုရရင် အောင်မြင်မှုလို့ ခေါ်တယ်။ ကိုယ်ရတာကို နှစ်သက်နိုင်ရင် ပျော်ရွှင်မှုလို့ ခေါ်တယ်”
ဒါကြောင့် အောင်မြင်ပျော်ရွှင်နိုင်အောင် ကြိုးစားကြပါ……
Credit: Kaung Khant

Monday, February 1, 2016
"လိုတာရ၍ ရတာလိုပါစေ"
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment