
Lutaw Lupyaw
"မိန်းကလေးတွေ အာရုံနောက်ရတဲ့ ယောက်ျားမျိုးတွေ"
ဒီလိုအပြုအမူတွေ ပြုလုပ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေက အရူးတွေလို့ အမည်တပ်ကြပါတယ်။
မိန်းကလေးတွေက အမူပိုတယ်၊ ပဲများတယ် စသဖြင့် ယောက်ျားတွေကသာ အမည်တပ်ခဲ့ကြပါတယ်။ တကယ်တော့ ယောက်ျားတွေထဲမှာလည်း အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေနဲ့ ရှုပ်ထွေးအောင် လုပ်နေကြသူတွေ ရှိကြတာပါပဲ။
မိန်းကလေးတွေ ကြုံတွေ့နေရတဲ့ အာရုံနောက်စရာ ယောက်ျားတွေကတော့...
၁။ မိန်းကလေးတစ်ယောက်ကို အချိန်အတော်ကြာ လိုက်နေပြီး တကယ်လည်း မိန်းကလေးက သဘောကျမယ်ကြံတော့ စိတ်မဝင်စားတော့တဲ့ သူမျိုးတွေ
၂။ အခုမှ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် စတွယ်ရုံရှိပါသေးတယ်၊ အရမ်းကြီး မတွယ်တာချင်ဘူးလို့ ပြောလာတဲ့သူမျိုးတွေ
၃။ သူပြောသလို ခပ်ခွာခွာနေပေးတော့လည်း ပြန်ပြီး အနားကို ကပ်ချင်သူမျိုးတွေ
၎။ လမ်းမခွဲချင်ပေမယ့် ကတိကဝတ်တွေလည်း မထားချင်သူမျိုးတွေ
၅။ စွန့်ပစ်ခဲ့တုန်းက စွန့်ပစ်ခဲ့ပြီးမှ အနားမှာ တရစ်ဝဲဝဲ လာလုပ်နေသူမျိုးတွေ
၆။ တကယ် ကြွေနေတာလည်း မဟုတ်ဘဲနဲ့ တခါတလေမှာ တကယ်ကြွေနေသရောင် ဟန်လုပ်တတ်တဲ့ သူမျိုးတွေ
၇။ သူတို့လုပ်ရပ်တွေက စိတ်ပျက်စရာကောင်းနေပြီးတော့ ဘာလို့များ ငါလို လူမျိုးကို လက်လွှတ်ခံရတာလဲလို့ အထင်ရောက်နေတဲ့ သူမျိုးတွေ
Source : BOLDE
Credit: duwun

Tuesday, February 2, 2016
"မိန်းကလေးတွေ အာရုံနောက်ရတဲ့ ယောက်ျားမျိုးတွေ"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment