"ချွေးထွက်လေ ရနံ့ပိုသင်းလေဖြစ်တဲ့ ရေမွှေးကို သိပ္ပံပညာရှင်တွေ တီထွင်"
ချွေးပိုထွက်လေ အနံ့ပိုထွက်လေဖြစ်တဲ့ ပထမဆုံး ရေမွှေး အမျိုးအစားကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ Queen’s University Belfast မှ သုတေသီတွေက ဒီရေမွှေးအမျိုးအစားသစ်မှာ အစိုဓာတ်နဲ့ ထိတွေ့တဲ့အခါ အနံ့အသက် ပိုထုတ်ပေးကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
ရေမွှေးမှာ အနံ့အသက်မရှိဘဲ ဆားကို အရည်ပုံစံအဖြစ်နဲ့ ionic liquid ကို အသုံးပြုထားပါတယ်။ ရနံ့မရှိတဲ့ ionic liquid က ရေနဲ့ ထိတွေ့မှုရတဲ့အခါ ရနံ့ထုတ်ပေးကာ လူတစ်ယောက်ရဲ့ အရေပြားသို့ ရေမွှေးရဲ့ရနံ့ ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒီရေမွှေးအမျိုးအစားသစ်က ကိုယ်အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးတယ်လို့ ဆိုထားပါသေးတယ်။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment